ကဝမြို့နယ်မှာ ရဲတဦးအနီးကပ်ပစ်ခတ်ခံရပြီး ပွဲချင်းပြီးသေဆုံး

0 1
0 1

ကဝ၊ ဧပြီ ၁၁၊ ၂၀၂၃။

ပဲခူးခရိုင်၊ ကဝမြို့နယ်က ရဲတပ်ဖွဲ့ဝင်တဦးကို ပိတောက်ဖူးစစ်ဆင်ရေးအဖြစ် ဧပြီလ ၁၁ ရက် ဒီနေ့မနက်က သေနတ်နဲ့အနီးကပ် ပစ်ခတ်ခဲ့တယ်လို့ ကဝပကဖ ဆီက သိရပါတယ်။

ကဝမြို့နယ်၊ ရှမ်းကန်-သပြုလမ်းက ရှမ်းကန်တာဆုံအလွန်လောက်မှာ ဒီနေ့မနက် ၁၀ နာရီခွဲလောက်က အရပ်ဝတ်နဲ့ရဲ ၂ ဦးဆိုင်ကယ်မောင်းလာတာကို ပစ္စတိုနဲ့ ၇ ချက်ပစ်ခတ်ခဲ့တာ လို့ ဆိုပါတယ်။

“ရဲတွေကရှမ်းကန်ရွာဘက်ကနေ သပြုရွာဘက်ကို မောင်းလာတာပါ။ ရဲဘော်တွေနဲ့မျက်နာချင်းဆိုင်ပေါ့၊ ရဲဘော်တွေမျက်မြင်အရ နောက်ကစီးလာတဲ့ ရဲကျည်ထိပြီး ‌ဆိုင်ကယ်ပေါ်ကနေ မြေကြီးပေါ် လန်ကျသွားတယ်။ ဗိုက်ကို ဖိပြီးအော်နေတယ်။ မြေပြင်သတင်းရင်းမြစ်‌တွေအရ ပွဲချင်းပြီးသေတယ်လို့ သိရတယ်” လို့ ကဝမြို့နယ် ပကဖတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

ဆိုင်ကယ်မောင်းလာတဲ့ ရဲတပ်ဖွဲ့ဝင်တဦးကတော့ လွတ်မြောက်သွားပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ ထိခိုက်မှုမရှိ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကာ သေဆုံးသူရဲ့ အမည်ရာထူးနဲ့အဆင့်ကိုစုံစမ်းနေတယ်လို့ ဆိုပါတယ်။

မတ်လ ၂၆ ရက် ည ၁၀ နာရီလောက်ကလည်း ကဝမြို့နယ်၊ အုန်းနှဲကျေးရွာ ဘီယာဆိုင်မှာထိုင်နေတဲ့ ရဲတပ်ဖွဲ့ဝင်တွေကို ကဝမြို့နယ် ပကဖကတိုက်ခိုက်ခဲ့လို့ ရဲတဦးသေဆုံးခဲ့ပြီး ၄ ဦးဒဏ်ရာရခဲ့ပါသေးတယ်။

စာတည်း-007

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။