ဈေးကောက်ငွေတောင်းနေတဲ့ စစ်အုပ်စုပစ်ခတ်ခံရလို့ တပ်ကြပ် ၁ ဦး သေဆုံးဟုဆို

0 1
0 1

ရေစကြို၊ ဧပြီ ၁၁၊ ၂၀၂၃။

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ စစ်ကောင်စီ ရုံးပေါင်းစုံ အရှေ့ဘက် ရွှေတန်ဆာဈေးထဲမှာ ဈေးကောက်ငွေလာတောင်းတဲ့အချိန်မှာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ ပစ်ခတ်တိုက်ခိုက်ခံခဲ့ရတယ်လို့ Southern Yesagyo PDF အဖွဲ့ထံက သိရပါတယ်။

ယမန်နေ့ ဧပြီလ ၁၀ ရက် နံနက် ၇ နာရီခွဲဝန်းကျင်ခန့်က ဈေးကောက်ငွေတောင်းနေတဲ့ စစ်သား ၄ ဦးကို မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့တာလို့ Southern Yesagyo PDF ဗိုလ်အောင်မောင်းက ပြောပါတယ်။

“ရွှေတန်ဆာ မနက်ခင်းဈေးမှာ ပစ်ခတ်မှုဖြစ်ပွားခဲ့တာ၊ ၄ ယောက်ထဲ ထွက်လာတာ။ ဘယ်တပ်က စစ်သားတွေဆိုတာတော့ မသိဘူး။ ကျနော်တို့က နောက်ကနေ လိုက်ပစ်ရတာကြောင့် ရှင်းရှင်းလင်းလင်း မြင်ရပြီး ၁ ယောက်က အဲ့ဒီနားမှာ လဲကျသွားတယ်။ ၁ ယောက်က ပေါင်ထိမှန်တယ်။ ၁ ယောက်က ခြေသလုံး မှန်တယ်။ ဒါကတော့ ကိုယ့်မျက်စိရှေ့တွင်မြင်တွေ့လိုက်ရတာ” လို့ သူကဆက်ပြောပါတယ်။

အပြန်အလှန်ပစ်ခတ်မှုအပြီး ပြည်သူတွေရဲ့ပြောပြချက်အရ MA 3 လက်နက်ကိုင်တဲ့ တပ်ကြပ်အဆင့် ကျသွားပြီး ပွဲခြင်းပြီးသေဆုံးပြီး အခြား ၂ ဦး ဒဏ်ရာရတယ်လို့ ဆိုပါတယ်။

“ကျနော်တို့က လိုက်ပစ်တယ်။ ဈေးထဲမှာ ပစ်ခတ်ရတာဆိုတော့ ပြည်သူကို ငဲ့ညာလိုက်ရတာနဲ့ လက်နက်မကောက်နိုင်ခဲ့ဘူး။ ပြည်သူ‌တွေရှိနေတာကြောင့် ၄ ယောက်လုံးကို မပစ်လိုက်နိုင်တာ” လို့ ဗိုလ်အောင်မောင်းက ပြောပါတယ်။

ဒီတိုက်ခိုက်မှုကို Southern Yesagyo PDF ၊ Urban Underground Revolution Force (UURF-YSO) နှင့် Myingyan Black Tiger(MBT) တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

တိုက်ခိုက်မှုမှာ တပ်ကြပ်သေဆုံးခဲ့တာဆိုတာကို ကာကွယ်ရေးတပ်ဖွဲ့နဲ့ ဒေသခံ‌တွေက ပြောဆိုပေမယ့် မြေလတ်အသံအနေနဲ့ သီးခြား အတည်မပြုနိုင်ပါဘူး။

ပြီးခဲ့တဲ့ မတ်လ ၂၃ ရက်ညပိုင်းမှာလည်း ရေစကြို့မြို့၊ ထင်းတန်းရပ်ကွက် စာသင်ကျောင်းထဲမှာ အထိုင်ချတပ်စွဲထားတဲ့ စစ်အုပ်စုကို Southern Yesagyo PDF အဖွဲ့က လက်ပစ်ဗုံး ပစ်ပြီးတိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

စာတည်း – 007

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။