ရာဇဝတ်ပြစ်မှုနဲ့ အချုပ်ခံရသူတွေကို ကင်းစောင့်ခိုင်းတာအပြင် စစ်တပ်ထဲဝင်ခိုင်းနေ

0 1
0 1

ပြည်၊ ဧပြီ ၈၊ ၂၀၂၃။

ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)၊ ပြည်မြို့မှာ ရာဇဝတ်ပြစ်မှုနဲ့ ဖမ်းဆီးခံရသူ လူငယ်တွေကို စစ်တပ်ယူနီဖောင်း ဝတ်ပြီး ကင်းစောင့်ခိုင်းတာအပြင် စစ်တပ်ထဲဝင်ခိုင်းနေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ မတ်လအတွင်းမှာ ယာဉ်စည်းကမ်း လမ်းစည်းကမ်းနဲ့ ဖမ်းဆီးခံရပြီး ငွေကြေးမတတ်နိုင်သူတွေကို အချုပ်သားတွေကို စစ်ယူနီဖောင်းဝတ်ခိုင်းပြီး ကျည်မပါသေနတ်နဲ့ ကင်းစောင့်ခိုင်းတာတွေ လုပ်ခဲ့တယ်လို့ ပြန်လည်လွတ်မြောက်လာသူတွေနဲ့ နီးစပ်သူတွေက ပြောပါတယ်။

“အချုပ်ထဲမှာ ပိုက်ဆံမတတ်နိုင်လို့ နောက်ကမလိုက်နိုင်တဲ့ လူငယ်တချို့ကို ကင်းစောင့်ခိုင်းတာ တပ်ယူနီဖောင်းနဲ့ သေနတ်ကိုင်ပြီး စောင့်ရတယ်တဲ့။ ကျည်ဆန်တော့ မပါဘူးပြောတယ်။ သူတို့မှာ အင်အားမရှိတာလား ကြောက်လို့လားတော့ မသိဘူး။ ကလေးတွေက နှစ်ရက်စောင့်ပေးခဲ့ရတယ် ပြောတယ်” လို့ မြို့ခံတဦးက ပြောပါတယ်။

ဒါ့အပြင် ရပ်ကွက်တွေထဲ ဆိုးသွမ်းလူငယ်တွေ ပစ္စည်းခိုးယူရာမှာမိတဲ့အတွက် ဖမ်းဆီးခဲ့ပေမယ့် တပ်ထဲဝင်ပါက လွတ်ပေးမယ်လို့ ပြောဆိုပြီး အိမ်တွေကို ပြန်လိုက်ပို့တာတွေ လုပ်ဆောင်နေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

“လူငယ်တွေကတော့ ညပိုင်းမှောင်ရိပ်ခိုနဲ့ တခြားပစ္စည်းတွေလည်း ယူမိတာမျိုးရှိမှာပေါ့။ အဲ့ဒါကို ထောင်ချမခံချင်ရင် တပ်ထဲဝင် လွှတ်ပေးမယ်ဆိုပြီး ပြောပြီး အိမ်တွေကို လိုက်ပို့တာတွေ လုပ်နေတယ်လို့ ပြောကြတယ်” လို့ မြို့ခံတဦးက ပြောပါတယ်။

မူးယစ်ရမ်းကားနဲ့ မှောင်ရိပ်ခိုတွေကို သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက ဖမ်းဆီးပြီး ဒဏ်ငွေရိုက်တာ၊ ရိုက်နှက်ခြိမ်းခြောက်တာတွေ လုပ်ဆောင်နေသလို ညနက်အချိန် ပေါ်တာဆွဲမယ်ဆိုတဲ့ သတင်းတွေကြောင့် မြို့ပေါ်မနက်အစော ဈေးလာရောက်ရောင်းချရတဲ့ တောဈေးသယ် လူငယ်တွေလည်း စိုးရိမ်နေကြရတယ်လို့ ဆိုပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။