myaelatt athan

Sharing Information to the Local

မြင်းမူမှာ စစ်ကောင်စီတပ်လက်နက်ကြီးဗုံးသီး ကျရောက်ပေါက်ကွဲပြီး လူနေအိမ်တွေမီးလောင်

မြင်းမူ၊ မတ် ၁၇၊ ၂၀၂၅။

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်က စစ်ကောင်စီတပ်သားတွေ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးဗုံးသီး ကျရောက်ပေါက်ကွဲတာကြောင့် ဦးနှောင်းကုန်းကျေးရွာက လူနေအိမ် ၈လုံးနဲ့ နွားစာတဲ ၄လုံး မီး လောင်ပြာကျသွားတယ်လို့ သိရပါတယ်။

မတ် ၁၅ ရက် ယမန်နေ့ည ၈နာရီကျော်မှာ ဦးနှောင်းကုန်းကျေးရွာနဲ့ ၂ မိုင်ကွာဝေးတဲ့ ရေပိုးစားကန်အထိုင်စခန်း စစ်ကောင်စီတပ်ဖွဲ့က လက်နက်ကြီး ၃ လုံးပစ်ခတ်ခဲ့ရာ ၂ လုံးမှာ ကျေးရွာအတွင်းကျရောက် ပေါက်ကွဲခဲ့တာလို့ ဆိုပါတယ်။

“နတ်ရေကန်က ၁၂ ဘီး ၃ စီးနဲ့ ထွက်လာတဲ့ စကစတွေက ရေပိုးစားကန်မှာ အထိုင်ချပြီးတော့ ဦးနှောင်းကုန်းရွာဖက်ကို လက်နက်ကြီး ၃ လုံးပစ်ခဲ့တာ” လို့ မြင်းမူမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ မီးဘေးလုံခြုံရေးတာဝန်ရှိသူတဦးက ပြောပါတယ်။

နေအိမ်တွေဆုံးရှုံးသွားခဲ့တဲ့ ပြည်သူတွေကို မြင်းမူမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ကူညီဆောင်ရွက်မှုတွေပေးထားပြီး လက်နက်ကြီးကျရောက် ပေါက်ကွဲပြီး နေအိမ်တွေမီးလောင်ချိန်မှာ ဦးနှောင်းကုန်း ရွာခံပြည်သူတွေ ဘေးလွတ်ရာကျေးရွာတွေဆီထွက်ပြေးခဲ့ကြရပေမယ့် လက်ရှိမှာတော့ မိမိကျေးရွာကို ပြန်လည်ဝင်ရောက်နေထိုင်နေကြပြီလို့ သိရပါတယ်။

စာတည်း – ဟိန်းစံ

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။