နတ်တလင်းမှာ ပျူစောထီးသင်တန်းဆင်း ကြံ့ခိုင်ရေးပါတီဝင်တဦး အသတ်ခံရ

0 16
0 16

မြေလတ်အသံ၊ စက်တင်ဘာ ၂၃၊ ၂၀၂၅။

ပဲခူးတိုင်းအနောက်ခြမ်း၊ နတ်တလင်းမြို့နယ်၊ ချောင်းကမ်းကြီးကျေးရွာက ပျူစောထီးသင်တန်းဆင်း ကြံ့ခိုင်ရေးပါတီဝင်တဦး နေအိမ်မှာ ပစ်သတ်ခံရတယ်လို့ Bamar Revolution Army-B.R.A ထံကသိရပါတယ်။

အသတ်ခံရသူဟာ ချောင်းကမ်းကြီးရွာနေ အသက် ၄၅ နှစ်အရွယ် မြင့်ဇော်ဆိုသူဖြစ်ပြီး စက်တင်ဘာ ၂၂ ရက် ညနေ ၆ နာရီ မိနစ် ၃၀ ကျော်မှာ ကျေးရွာရှိသူ့ရဲ့နေအိမ်အတွင်း ဝင်ရောက်ပစ်ခတ်ခဲ့တာလို့ Bamar Revolution Army-B.R.A တပ်ခွဲမှူး ကိုလကျာ်က မြေလတ်အသံကို ပြောပါတယ်။

ထွက်ပြေးဖို့ကြိုးစားတာကြောင့် သေနတ်နဲ့ ၅ ချက်ပစ်ခတ်ခဲ့ပြီး ကိုမြင့်ဇော်မှာ ဝမ်းဗိုက်အပါအဝင် ခန္ဓာကိုယ်မှာ ကျည်ထိဒဏ်ရာတွေနဲ့နေရာမှာပဲ သေဆုံးသွားတယ်လို့ သိရပါတယ်။

ကိုမြင့်ဇော်ဟာ ချောင်းကမ်းကြီးကျေးရွာ ကြံ့ခိုင်ရေးပါတီရပ်ကျေးအဖွဲ့ဝင်တဦးဖြစ်သလို အင်းမအခြေစိုက်တပ်မ ၆၆ မှာ ဖွင့်လှစ်တဲ့ ပျူစောထီးသင်တန်းကို တက်ရောက်ထားသူဖြစ်ပြီး ဒေသတွင်း စစ်ကော်မရှင်တပ်ဖွဲ့တွေစစ်ကြောင်းထိုးချိန်တိုင်း လမ်းပြအဖြစ် လိုက်ပါဆောင်ရွက်လေ့ရှိတာကြောင့် ပစ်ခတ်ရှင်းလင်းခဲ့တာလို့ ဆိုပါတယ်။

ပစ်ခတ်မှုဖြစ်ပြီးနောက်ပိုင်း စက်တင်ဘာ ၂၃ ရက် ဒီကနေ့မနက်ပိုင်းထိ စစ်ကော်မရှင်တပ်သားတွေ ကျေးရွာကိုလာရောက်စစ်ဆေးတာမျိုးမတွေ့ရသေးဘူးလို့ သိရပါတယ်။

စက်တင်ဘာ ၁၉ ရက် ညပိုင်းမှာ နတ်တလင်းမြို့နယ်၊ စံကြီးလောင်ကျေးရွာနေ စစ်ကောင်စီလက်အောက်ရာအိမ်မှူး သေနတ်ပစ်ခံရလို့ သေဆုံးခဲ့သေးပြီး ၃ ရက်အကြာမှာ နောက်ထပ် ပျူစောထီးသင်တန်းတက်ရောက်ထားသူတဦး ထပ်မံ အသတ်ခံခဲ့ရတာလည်း ဖြစ်ပါတယ်။

စာတည်း – ဟိန်းစံ

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။