နတ်တလင်းက ရာအိမ်မှူးတဦး အသတ်ခံရ

0 20
0 20

မြေလတ်အသံ၊ စက်တင်ဘာ ၁၈၊ ၂၀၂၅။

ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်က စစ်ကော်မရှင်ခန့် ရာအိမ်မှူး ၁ ဦးကို စက်တင်ဘာ ၁၇ ရက်မနက် ၉ နာရီကျော်မှာ ပစ်ခတ်ရာသေဆုံးခဲ့တယ်လို့ သာယာဝတီခရိုင် ၃၈၀၁၊ တပ်ခွဲ ၇ ဆီကသိရပါတယ်။

အသတ်ခံရသူဟာ ရှားစီးဘိုရွာအောက်စု အသက် ၅၀ ကျော်အရွယ် ရာအိမ်မှူးဖိုးကျော်ဖြစ်ပြီး သူ့ရဲ့နေအိမ်အနီးမှာ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေကပစ်ခတ်ရာမှာ သေဆုံးခဲ့တာလို့ ဆိုပါတယ်။

“ကျနော်တို့ရဲဘော်တွေ သူ့အိမ်ရှေ့ရောက် ထွက်ပြေးတော့ သူ့အိမ်နဲ့ဆိုအရမ်းတော့မဝေးဘူး။ သုံး၊ လေး အိမ်လောက်ပဲကျော်မယ်။ အဲ့ သုံး၊ လေးအိမ်အရောက်မှာ လှမ်းပြီးပစ်လိုက်တော့ မှန်သွားတော့လဲသွားတာ။ အဲ့နေရာမှာဘဲ ရှင်းလင်းခဲ့တယ်ပေါ့ “လို့ ၃၈၀၁၊ တပ်ခွဲ ၇ မှ တပ်ခွဲမှူးလှော်ကြီးက ပြောပါတယ်။

ရာအိမ်မှူးလုပ်သက် ၃ နှစ်ရှိပြီဖြစ်တဲ့ ဖိုးကျော်ဆီကနေ ဆိုင်ကယ် ၁ စီး၊ လက်ကိုင်ဖုန်း ၁ လုံးတို့ကို သိမ်းဆည်းရရှိခဲ့ကာ သူနေထိုင်တဲ့ ရှားစီးဘိုရွာဟာ စစ်ကောင်စီတပ်စခန်းရှိတဲ့ ဒမင်ငယ်ကျေးရွာနဲ့ ၁ မိုင်ကျော်ကွာတာကြောင့် ပစ်ခတ်ပြီးပြန်လည်ဆုတ်ခွာခဲ့တယ်လို့ တပ်ခွဲမှူးလှော်ကြီးက ဆိုပါတယ်။

ရာအိမ်မှူး ဖိုးကျော်ဟာ စစ်ကော်မရှင်တပ်ဘက်က အမာခံရပ်တည်ပြီး ပြည်သူလူထုကို စစ်မှုထမ်းဖို့ ပေါ်တာဆွဲတာ၊ စစ်မှုထမ်းကြေး အတင်းအဓမ္မကောက်ခံတာတွေကို လုပ်ဆောင်နေသူတဦးလည်းဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့နှစ်၊ မတ် ၁၅ ရက်ကလည်း နတ်တလင်းမြို့နယ်၊ ကျောက်ခွက်အုပ်စု၊ စစ်ကော်မရှင်ခန့် အုပ်ချုပ်ရေးမှူး အသက် ၅၅ နှစ်အရွယ်ရှိတဲ့ ကိုဝင်းသိန်း ကိုလည်း သူနေတဲ့ကျောက်စွယ်ရွာမှာဘဲ နတ်တလင်းမြို့နယ် ပြည်သူ့ကာကွယ်‌ရေးအဖွဲ့ (ပကဖ)က သေနတ်နဲ့ပစ်ခတ်ခဲ့ပါသေးတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။