တောင်ငူမြို့နယ်က စစ်တပ်သတင်းပေးဆိုသူ ၃ ဦးရှင်းလင်းခံရ

0 1
0 1

ပဲခူး၊ မတ် ၃၁၊ ၂၀၂၃။

ပဲခူးတိုင်းအရှေ့ခြမ်း၊ တောင်ငူမြို့နယ်က စစ်တပ်သတင်းပေးဆိုသူ ၃ ဦးကို အခုမတ်လအတွင်းမှာ ရှင်းလင်းခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ရေတာရှည်)က သတင်းထုတ်ပြန်ထားပါတယ်။

တောင်ငူမြို့နယ်၊ ကျီးအင်းကျေးရွာက အသက် ၃၈ နှစ်အရွယ် ကိုနိုင်လင်းစိုး၊ ၄၁ နှစ်အရွယ် ကိုအောင်ကျော်ဇောနဲ့ ၃၅ နှစ်အရွယ် ကိုဖြိုးတို့ကို စစ်တပ်နဲ့ ပတ်သက်ဆက်နွယ်ပြီး သတင်းပေးတယ်ဆိုတာ ပြစ်မှုထင်ရှားတဲ့အတွက် ခုလို ရှင်းလင်းခဲ့တာလို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ရေတာရှည်)ရဲ့တာဝန်ရှိသူက ပြောပါတယ်။

“ကျနော်တို့ ပျူစောထီးအယောက် ၃၀ လောက် ခေါ်စစ်တာမျိုးရှိတယ်။ ၂၀ ကျော်ကို ပြန်လွှတ်ပေးတယ်။ ခံဝန်ကတိ ထိုးခိုင်းတယ်။ အေးဆေးနေရင် ဘာမှပြဿနာမရှိဘူး။ အခုကောင်တွေက ပြစ်မှုထင်ရှားလို့ပါ” လို့ ပြောပါတယ်။

သူတို့ ၃ ဦးကို မတ်လ ၂၉ ရက်ညနေ ၆ နာရီလောက်က ကျီးအင်းရွာထိပ်မှာ ဖမ်းဆီးခဲ့ပြီး၊ မတ်လ ၃၀ ရက်မနေ့ကမနက် ၅ နာရီလောက်မှာ ရှင်းလင်းခဲ့တာလို့ ဆိုပါတယ်။

သူတို့ ၃ ဦးဟာ တော်လှန်ရေးရဲဘော်တွေရဲ့ စစ်မြေပြင်လှုပ်ရှားမှုနဲ့ပတ်သက်ပြီး စစ်တပ်ကိုသတင်းပေးတာ၊ လမ်းပြနဲ့ရိက္ခာထောက်ပို့လုပ်တာ၊ သစ်စက်တွေကနေ ရဲကို ဆက်ကြေးတောင်းပေးတာအပြင် PDF နဲ့ဆက်သွယ်ပါက အရေးယူခံရမယ်လို့ခြိမ်းခြောက်တာတွေအပြင် လောင်းကစားဝိုင်းထောင်တာ၊ ပရဟိတအမည်ခံကာ ပြည်သူ့ငွေတွေကို အလွဲသုံးစားလုပ်တာတွေကိုလည်း စစ်ဆေးတွေ့ရှိရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် ပျူစောထီးသင်တန်းဆင်းစာရင်းကိုလည်း ပြုစုထားကာ စစ်ဆေးမှုတွေနဲ့ ပတ်သက်တဲ့ မှတ်တမ်းတွေအပြင် အသံဖိုင်တွေကိုလည်း ပြုစုထားတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ရေတာရှည်)ရဲ့တာဝန်ရှိသူက ပြောပါတယ်။

ရေတာရှည်ပြည်သူ့ကာကွယ်ရေးအဖွဲ့ဟာ ပြီးခဲ့တဲ့မတ်လ ၂၈ ရက်ကလည်း တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၊ ကျွဲရိုင်းပြင်အုပ်စု၊ ကရင်ချောင်ရွာက စစ်တပ်သတင်းပေးဆိုသူ ကိုမင်းလွင်ဦးကိုလည်း ရှင်းလင်းခဲ့ပါသေးတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။