ကင်းလှည့်နေတဲ့စစ်အုပ်စု တိုက်မိုင်းထိလို့ ၃ ဦးသေဆုံး၊ ၆ ဦးဒဏ်ရာရဟုဆို

စစ်ကိုင်း၊ မတ် ၃၀၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ အင်မထီးရွာ ပျူစောထီးစခန်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ပျူစောထီးတွေ မတ် ၂၆ ရက် မနက် ၁၀ နာရီအချိန်လောက်က တိုက်မိုင်းထိလို့ သေဆုံး၊ဒဏ်ရာရသူတွေရှိတယ်လို့ ပုံတောင် Tiger PDF က မတ်လ ၂၉ ရက်မနေ့က ထုတ်ပြန်ပါတယ်။

ပျူစောထီးရွာ စခန်းကနေ အနီးပတ်ဝန်းကျင်တဝိုက်ကို လှည့်ကင်းပတ်ချိန် အင်မထီးရွာအနီး လမ်းတနေရာမှာ PDF ဘက်က ထောင်ထားတဲ့ တိုက်မိုင်းထိတာဖြစ်တယ်လို့ PDF တာဝန်ရှိသူက ပြောပါတယ်။

“Royal Eagle အဖွဲ့က ထောင်ထားတဲ့ တိုက်မိုင်းမိတာပါ။ အင်းမထီးရွာရဲ့အနောက်မြောက်ဘက်နားမှာ ဖြစ်တာ။ ၂၈ ရက်နေ့မှ ပျူ ၂ ယောက်နဲ့ စစ်သား ၁ ယောက် သေတာနဲ့ ၇ ယောက်ဒဏ်ရာရတာ ပြန်သိရတယ်” လို့ သတင်းထောက်လှမ်းရေး တာဝန်ခံ အိုင်အိုဘခက်က မြေလတ်အသံကို ပြောပါတယ်။

တိုက်ခိုက်မှုကို ယင်းမာပင်ခရိုင် တပ်ရင်း-၇၊ ပုလဲမြို့နယ် တပ်ရင်း-၁၊ Royal Eagle တပ်ခွဲ-၂၊ ပုံတောင် TIGER PDF တို့က လုပ်ဆောင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

မတ်လ ၁၂ ရက်နေ့ကလည်း ပုလဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးရုံးမှာ တပ်စွဲနေတဲ့ စစ်အုပ်စု လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခံရပြီး ရဲတပ်ဖွဲ့ဝင် ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

စာတည်း – ရင်ငြိမ်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။