မကွေးတိုင်းမှာ သင်တန်းဆင်းပွဲနဲ့ လက်နက်ပေးအပ်ပွဲ ကျင်းပ

0 4
0 4

မကွေး၊ မတ် ၂၉၊ ၂၀၂၃။

ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် ၁ စစ်ဒေသဖြစ်တဲ့ မကွေးတိုင်း တနေရာမှာ မတ်လ ၂၇ ရက်နေ့ မနက်ပိုင်းက မွမ်းမံသင်တန်းဆင်းပွဲနဲ့ လက်နက်ပေးအပ်ပွဲ အခမ်းအနားကျင်းပခဲ့တယ်လို့ သိရပါတယ်။

အပတ်စဉ် ၄ ခုမြောက် သင်တန်းဆင်းပွဲဖြစ်ပြီး လက်နက်ကြီး၊ လက်နက်ငယ်၊ ဒရုန်းစတဲ့လက်နက်ပေးအပ်ပွဲလည်း ကျင်းပခဲ့ကာ အခမ်းအနားကိုတော့ နယ်မြေလုံခြုံရေးကြောင့် အခက်ခဲတွေကြားကနေ အချိန်တိုအတွင်းပြီးအောင် အကျဉ်းချုပ်ပြီး လုပ်ခဲ့တယ်လို့ ဆိုပါတယ်။

“အဓိက ဦးစားပေးတာတော့ လေ့ကျင့်ရေးပိုင်း သင်တန်းပိုင်းကို ဦးစားပေးတယ်။ လေ့ကျင့်မှုတွေက အတွေ့ကြုံရှိတဲ့ဆရာတွေကနေပြီး သင်ကြားပေးတာဖြစ်တယ်။ တနိုင်ငံလုံးမှာလည်း အင်တိုက်အားတိုက်နဲ့ သင်တန်းတွေ လုပ်နေကြပါတယ်။ မကြာတော့တဲ့ကာလမှာ အရည်ချင်းပြည့်ဝတဲ့ စစ်သားကောင်းတွေ ပေါ်ထွက်လာတော့မှာပါ။” လို့ တက်ရောက်ခဲ့တဲ့ တပ်ရင်းတခုက တာဝန်ရှိသူတဦးက ပြောပါတယ်။

အဆိုပါ သင်တန်းဆင်းပွဲအခမ်းအနားကို မကွေးတိုင်းကွပ်ကဲရေးရုံးက တာဝန်ရှိသူတွေ၊ သက်ဆိုင်ရာ ခရိုင်တာဝန်ရှိသူတွေနဲ့ တပ်ရင်းအသီးသီးက တပ်ရင်းမှူး၊ ဒုတပ်ရင်းမှူးတွေတက်ရောက်ခဲ့ပြီး သင်တန်းဆင်း ရဲဘော်တွေကလည်း ဖျော်ဖြေရေးအစီစဉ်တွေနဲ့ ပါဝင်ခဲ့တယ်လို့ သိရပါတယ်။

စာတည်း – 007

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။