မုံရွာမှာလက်နက်ကြီးထိလို့ သက်ကြီးပိုင်းအမျိုးသား ၁ ဦးသေဆုံး

0 16
0 16

မုံရွာ၊ စက်တင်ဘာ ၁၆၊ ၂၀၂၅။

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ညောင်ပင်စောင့်ကျေးရွာမှာ စစ်ကော်မရှင်တပ်ကပစ်ခတ်တဲ့ လက်နက်ကြီး ထိမှန်ပြီး သက်ကြီးပိုင်းအမျိုးသား ၁ ဦးသေဆုံးကာ ၃ ဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စက်တင်ဘာ ၁၅ ရက်ည ၉ နာရီကျော်မှာ စစ်ကော်မရှင်တပ်တွေအထိုင်ချထားတဲ့ ရွှေတောင်ဦး စခန်းကုန်းကနေပစ်ခတ်တဲ့ လက်နက်ကြီးဟာ ညောင်ပင်စောင့်ရွာ လက်ဖက်ရည်ဆိုင်အနီးက ကားပေါ်ကို ကျရောက်ပေါက်ကွဲခဲ့တာလို့ဆိုပါတယ်။

“လက်နက်ကြီးက လက်ဖက်ရည်ဆိုင်အရှေ့က ကားပေါ်ကျတာဆိုတော့ ကားကပြားသွားတယ်။ ဆိုင်ပိုင်ရှင်ရဲ့ ကားဘဲ။ ဆိုင်ထဲရှိနေသူတွေထိကုန်တာ”လို့ ဒေသခံတဦးကပြောပါတယ်။

လက်နက်ကြီးထိမှန်တာကြောင့် လက်ဖက်ရည်ဆိုင်ပိုင်ရှင် အသက် ၆၀ ကျော်အရွယ် ဦးလှအောင် သေဆုံးပြီး သားမက်ဖြစ်သူ အသက် ၃၀ ကျော်အရွယ် ကိုရဲမင်းအောင်နဲ့ ဆိုင်ထိုင်နေသူ ကျေးရွာ အတွင်းက အသက် ၄၀ ဝန်းကျင်အရွယ်အမျိုးသား ၂ ဦးတို့ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

သေဆုံးဒဏ်ရာရသူတွေကိုတော့ ဒေသခံတွေက မုံရွာပြည်သူ့ဆေးရုံကို ညတွင်းချင်းပို့ဆောင်ခဲ့ရတယ်လို့ သိရပါတယ်။

လက်နက်ကြီးကျရောက်ပေါက်ကွဲတဲ့နေရာက မုံရွာနတ်လူထိပ်ပန်ရပ်ကွက်ထိပ်ရှိ စစ်ကော်မရှင် စစ်ဆေးရေးဂိတ်နဲ့ မီတာ ၁၀၀ ခန့်သာကွာဝေးပြီး ပေါက်ကွဲတဲ့နေရာကို လာရောက်ကြည့်ရှု့တာမျိုး မရှိဘူးလို့ အထက်ပါဒေသခံကပြောပါတယ်။

မေ ၂၂ ရက်ကလည်း မုံရွာမြို့နယ်၊ နဂါးတွင်းကျေးရွာမှာ လက်နက်ကြီးကျရောက်ပေါက်ကွဲပြီး ရွာခံ ၂ ဦး သေဆုံးကာ ၁၀ ဦးဒဏ်ရာရရှိခဲ့ပါသေးတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။