စစ်ကော်မရှင်ရဲ့ အတုအယောင်ရွေးကောက်ပွဲဆန့်ကျင်ရေး လူထုလှုပ်ရှားမှုပြုလုပ်

0 6
0 6

မြေလတ်အသံ၊ စက်တင်ဘာ ၁၅၊ ၂၀၂၅။

စစ်ကော်မရှင်ပြုလုပ်မယ့် အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်တဲ့ ဆန္ဒပြလူထုလှုပ်ရှားမှုသပိတ် စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်တနေရာမှာ ပြုလုပ်ခဲ့ကြတယ်လို့ ဒေသတွင်းသပိတ်အင်အားစုတွေထံက သိရပါတယ်။

အဲ့ဒီလူထုလှုပ်ရှားမှုကို စက်တင်ဘာ ၁၄ ရက် မနေ့ မနက်ပိုင်းမှာ ဆားလင်းကြီးမြို့နယ် သပိတ်အင်အားစုတွေနဲ့ ဒေသခံပြည်သူတွေပူးပေါင်း အင်အား ၂၀၀ ခန့်က ပြုလုပ်ခဲ့တာဖြစ်ပြီး အတုယောင်ရွေးကောက်ပွဲမှာ ပြည်သူတွေမပါဝင်ဖို့ ဟောပြောလှုံ့ဆော်ခဲ့ကြတယ်လို့ ဆိုပါတယ်။

” စကမ ပြုလုပ်တဲ့အတုယောင်ရွေးကောက်ပွဲဟာ ပြည်သူတွေအတွက် ထွက်ပေါက်မဟုတ်ပဲ ထောင်ချောက်သာဖြစ်ကြောင်း လူထုကို လှုပ်နှိုးဖို့ ပြုလုပ်ခဲ့တာဖြစ်တယ်”လို့ ဆားလင်းကြီးမြို့နယ် သပိတ်အင်အားစုအဖွဲ့ဝင်တဦးက မြေလတ်အသံကို ပြောပါတယ်။

လာမယ့် ဒီဇင်ဘာလမှာ ရွေးကောက်ပွဲလုပ်ဖို့ ပြင်ဆင်နေပြီး အပိုင်း ၃ ပိုင်းခွဲ ပြုလုပ်သွားမှာဖြစ်ကာ အပိုင်း ၁ ကို မြို့နယ် ၁၀၂ ခုမှာ စတင်ကျင်းပမယ်လို့ စစ်ကော်မရှင်လက်အောက် ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ထားပါတယ်။

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။