တောင်သာရဲစခန်းအနီးက စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရလို့ ၃ ဦးဒဏ်ရာရ

တောင်သာ၊ မတ် ၂၅၊ ၂၀၂၃။

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့အဝင်ရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ် ဒရုန်းနဲ့ဗုံးချတိုက်ခိုက်ခံရပြီး ၃ ဦး ထိခိုက်ဒဏ်ရာ ရသွားတယ်လို့ သိရပါတယ်။

မတ်လ ၂၄ ရက် မနေ့ညနေ ၃ နာရီခွဲခန့်မှာ တောင်သာမြို့အဝင်ရှိ မြောက်ရဲစခန်းအနီးက စစ်ဆေးရေးဂိတ်ကို ဒရုန်းနဲ့ဗုံး ၁ လုံးချ တိုက်ခိုက်ခဲ့တာလို့ Myingyan District Drone strike အဖွဲ့မှ တာဝန်ရှိသူက ပြောပါတယ်။

“အဲ့နေရာက ရဲစခန်းနဲ့ကပ်လျက်ပဲဆိုတော့ ရဲစခန်းမှာရော ဂိတ်မှာရောက တွဲလျက်ဆိုတော့ အင်အားများတယ်။ အဲ့ဒီနေရာမှာက ကတုတ်ကျင်းတွေတူးပြီး စက်လက်တွေကအစ ထိုင်ထားတာ။ အဲ့မှာက ဘယ်ရီဂိတ်တွေ ပါချပြီး လမ်းသွားလမ်းလာ ကားတွေကိုစစ်တာ။ ချတဲ့ဒရုန်းဗုံးက စစ်ဆေးရေးဂိတ် ဘန်ကာပေါ် တည့်တည့်ကျတာ” လို့ ပြောပါတယ်။

တိုက်ခိုက်ချိန်မှာ ဘန်ကာအနီး စစ်သား ၅ ဦးလောက်သာရှိနေပြီး အဲ့ဒီထဲကမှ ဗုံးစထိမှန်လို့ စစ်သား ၃ ဦး ပြင်းထန်ဒဏ်ရာရခဲ့တာလည်း ဖြစ်ပါတယ်။

ရဲစခန်းနဲ့ အဆိုပါစစ်ဆေးရေးဂိတ်မှာ စစ်ကောင်စီတပ်တွေက အင်အား ၇၀ လောက်နဲ့ တပ်စွဲထားပြီး၊ တိုက်ခိုက်ခံရပြီးနောက်မှာတော့ ရဲစခန်းအနီးတဝိုက်မှာ လမ်းသွားပြည်သူတွေကို တင်းတင်းကြပ်ကြပ် စစ်ဆေးတာတွေ လုပ်ခဲ့တယ်လို့ သိရပါတယ်။

မတ်လ ၂၃ ရက်နေ့လည်ပိုင်းမှာလည်း တောင်သာမြို့နယ်၊ တမန်ကြီးကျေးရွာထိပ်မှာ ကင်းပုန်းဝပ်နေတဲ့ စစ်ကောင်စီအဖွဲ့ တိုက်ခိုက်ခံရပြီး ၃ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့သေးတယ်လို့ သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။