ကြို့ပင်ကောက်မှာ အမျိုးသားတဦး ရေနစ်၊ ရက် ၂၀ အတွင်း ရေနစ်သေဆုံးသူ ၄ ဦးရှိ

ကြို့ပင်ကောက်၊ မတ် ၂၅၊ ၂၀၂၃။

ပဲခူးတိုင်း(အနောက်ခြမ်း)၊ ကြို့ပင်ကောက်မြို့မှာ မတ်လ ၂၄ ရက် မနေ့ညနေ ၅ နာရီဝန်းကျင်က အမျိုးသားတဦး ရေနစ်သေဆုံးခဲ့တယ်လို့ သိရပါတယ်။

သေဆုံးသူဟာ ကြို့ပင်ကောက်မြို့ အေဝမ်းဆန်စက်ဝန်းမှာနေတဲ့ အသက် ၃၈ နှစ်အရွယ် ကိုကျော်ဇင်ဦး ဖြစ်ပြီး ကံဦး ၂ လမ်းနဲ့ လှည်းတန်းလမ်းထောင့်က ရေမြောင်းထဲမှာ ရေနစ်သေဆုံးတာလို့ သိရပါတယ်။

“ကိုကျော်ဇင်ဦးက အတက်ရောဂါရှိတယ်။ အရက်ကလည်း သောက်တတ်တယ်။ သူရေနစ်သေဆုံးတဲ့ မြောင်းကလည်း သိပ်ပြီးနက်တာမဟုတ်ဘူး။ သူ့ကံပဲပေါ့” လို့ မြို့ခံတဦးက ပြောပါတယ်။

အလောင်းကို မြို့ခံပရဟိတအသင်းကားနဲ့ ကြို့ပင်ကောက် ပြည်သူ့ဆေးရုံရင်ခွဲရုံကို ပို့ဆောင်ထားတယ်လို့လည်း သိရပါတယ်။

ကြို့ပင်ကောက်မြို့ရှိ ရေနစ်သေဆုံးသူ ၃ ဦးတွင် ပန်းတင် ၂ လမ်းပန်းတင်ရပ်ကွက်က အသက် ၄ နှစ်အရွယ် မမေသက်ချိုနဲ့ မဇင်ပိုပိုချစ်တို့ ၂ ဦးဟာ မတ်လ ၅ ရက်က သူတို့ရပ်ကွက်အနီး ဆည်မြောင်းမှာ ရေနစ်သေဆုံးတာဖြစ်ပြီး မတ်လ ၁၀ ရက်က ရေနစ်သေဆုံးသူ အသက် ၄၅ နှစ်အရွယ် အမျိုးသားကတော့ မြို့လယ်ချောင်းကျေးရွာအနီးက မြို့လယ်ချောင်းမှာ ရေနစ်သေဆုံးခဲ့တာပါ။

ရက်ပေါင်း ၂၀ အတွင်း သေဆုံးသူတွေထဲမှာ အမျိုးသား ၂ ဦးနဲ့ အသက် ၄ နှစ်အရွယ် မိန်းကလေးငယ် ၂ ဦးဖြစ်တယ်လို့ ကြို့ပင်ကောက်မြို့နယ် ပရဟိတအသင်းရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။