ခမရ ၄၃၉ စစ်ကော်မရှင်တပ်သား ၁ ဦး လက်နက်နဲ့ဘက်ပြောင်းလာ

0 19
0 19

ကညွတ်ကွင်း၊ သြဂုတ် ၂၅၊ ၂၀၂၅။

ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ ကညွတ်ကွင်းအခြေစိုက် ခမရ ၄၃၉ တပ်ရင်းက စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၁ ဦး လက်နက်နဲ့ဘက်ပြောင်းလာတယ်လို့ Spring Warriors Column အဖွဲ့ဆီက သိရပါတယ်။

ဘက်ပြောင်းလာသူဟာ စစ်မှုထမ်းအပတ်စဥ် ၈ က စစ်မှုထမ်းသင်တန်းဆင်းထားသူ အသက် ၃၁ နှစ်အရွယ် ကိုအောင်ဆန်းမြင့်ဖြစ်ပြီး သြဂုတ် ၁၃ ရက်မှာ Spring Warriors Columnအဖွဲ့ဆီကို လက်နက်နဲ့ အတူ ဘက်ပြောင်းလာတယ်လို့ ဆိုပါတယ်။

စစ်သင်တန်းဆင်း ကိုအောင်ဆန်းမြင့်ဟာ MA 11 သေနတ် ၁ လက်နဲ့ ကျည်ဘောက် ၃ ခုတို့ကို ယူဆောင်လာပြီး ဘက်ပြောင်းလာခဲ့တယ်လို့ သိရပါတယ်။

“ကျနော်တို့ဆီကို ဇူလိုင်လကုန်လောက်ကတည်းက ချိတ်ဆက်တာဗျ။ အခွင့်အရေးမရသေးတာနဲ့ သူမလာသေးတာဗျ။ အခွင့်အရေးရတာနဲ့ ကျတော်တို့ဆီ ချက်ချင်းပြောပြီး ကျနော်တို့ကလည်း ရတဲ့နေရာထိသွားခေါ်လာခဲ့တာဗျ။ လက်ရှိမှာတော့ ကျနော်တို့တပ်ရင်းမှာပဲ ကျွေးမွေး စောင့်ရှောက်ထားပါတယ်။”လို့ Spring Warriors Columnအဖွဲ့ရဲ့ တာဝန်ရှိသူ တဦးက မြေလတ်အသံကို ပြောပါတယ်။

ကိုအောင်ဆန်းမြင့်ဟာ စစ်ကိုင်းတိုင်း၊ ခန္တီးမြို့နယ်ထဲက ရွှေမျှောတခုမှာ မျှောကျင်းသားသွားရောက်လုပ်စဥ် စစ်မှုထမ်းဖို့ အဓမ္မပေါ်တာဆွဲဖမ်းဆီးခံလိုက်ခဲ့ရတာဖြစ်ပြီး လက်ရှိမှာတော့ သူ့ကို ငွေကျပ် ၁၀ သိန်းဆု ချီးမြှင့်ထားတယ်လို့ ဆိုပါတယ်။

စစ်အာသိမ်းချိန်ကနေ လက်ရှိအချိန်ထိ Spring Warriors Column အဖွဲ့ဆီကို စစ်ကော်မရှင် တပ်သား စုစုပေါင်း ၄ ဦး လက်နက်နဲ့အတူ ဘက်ပြောင်းထားတယ်လို့ သိရပါတယ်။

စာတည်း – လင်း

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။