myaelatt athan

Sharing Information to the Local

လက်နက်ကိုင် ကဗျာဆရာတွေ အားကောင်းရာ မြိုင်မှာ ကမ္ဘာ့ကဗျာနေ့ကို လွတ်လပ်စွာကျင်းပ

0 2
0 2

မြိုင်၊ မတ် ၂၁၊ ၂၀၂၃။

မကွေးတိုင်း၊ မြိုင်မြို့နယ်ထဲမှာ ယနေ့မတ်လ ၂၁ ရက်နေ့မှာ ကျရောက်တဲ့ ကမ္ဘာ့ကဗျာနေ့ကို နံနက် ၁၀ နာရီကနေ ၁၂ နာရီထိ လွတ်လပ်စွာ ကျင်းပခဲ့ကြတယ်လို့ သိရပါတယ်။

မြိုင်ဒေသဟာ လက်နက်ကိုင်ကဗျာဆရာ၊ လက်နက်ကိုင်ပန်းချီဆရာနဲ့ အခြား တော်လှန်သော အနုပညာရှင်များအားကောင်းသလို PDF တပ်ဖွဲ့ဝင်တွေအဖြစ်ကော တပ်ဖွဲ့ခေါင်းဆောင်နေရာတွေမှာပါ ပါဝင်နေကြတယ်လို့ ဆိုပါတယ်။

“ပြီးခဲ့တဲ့နှစ်မှာ ကျနော်တို့ မလုပ်နိုင်ခဲ့ဘူး။ အခြေချတာ နယ်မြေမစိုးမိုးသေးတာတွေကြောင့်ပါ။ ဒီနှစ်မှာတော့ ကျနော်တို့စိုးမိုးမှု အထိုက်အလျှောက်ရလို့ တော်လှန်ရေးအင်အားစုအားကောင်းလာလို့ လုပ်နိုင်ခဲ့တယ်။ လက်နက်ကိုင် ကဗျာဆရာတယောက်အနေနဲ့ဆိုရင်တော့ ကဗျာမရွတ်ရတာ လေးနှစ်လောက်ရှိပြီ။ အခုတော့ပျော်တာပေါ့” လို့ မြေလတ်ဒေသပြောက်ကျားတပ်ဖွဲ့ – MRG ရဲ့ တာဝန်ခံလည်းဖြစ်၊ ကဗျာဆရာလည်းဖြစ်သူ ကိုပြေဇော်က မြေလတ်အသံကို ပြောပါတယ်။

ကဗျာရွတ်ပွဲကို ကဗျာဆရာနဲ့ကဗျာချစ်သူတွေ ယင်းမာပင်ခရိုင်တပ်ရင်း-၁၀၊ ပုလဲမြို့နယ်တပ်ရင်း-၄ တပ်ရင်းမှူးများတက်ရောက်သလို တပ်ရင်း-၆ က ရဲဘော်တွေ ပကဖတွေနဲ့ ပအဖ ခေါင်းဆောင်တွေအပါအဝင် အင်အား ၅၀ ခန့် တက်ရောက်ခဲ့ကြတယ်လို့ ဆိုပါတယ်။

“ကဗျာဆရာတွေ ပြန်တွေ့ရတယ်။ သူတို့လုပ်နေကြတဲ့ အကြောင်းအရာတွေ ကျနော်တို့လုပ်နေကြတဲ့ အကြောင်းအရာတွေ ပြောကြတယ်။ တော်လှန်ရေးထဲမှာ စိတ်တူကိုယ်တူကဗျာဆရာတွေ ပြန်တွေ့ကြတယ်။ ကဗျာတွေ ရွတ်ကြပျော်ပါတယ်” လို့ ကိုပြေဇော်က ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ကမ္ဘာ့ကဗျာနေ့ကို မပြုလုပ်နိုင်ခဲ့ဘဲ ယခုကဗျာရွတ်ပွဲကိုတော့ မြေလတ်ဒေသပြောက်ကျားတပ်ဖွဲ့- MRG က ကမကထပြုလုပ်ပြီး ကဗျာမရွတ်ခင် ကျဆုံးရဲဘော်နဲ့ကဗျာဆရာတွေကို ငြိမ်သက်အလေးပြုတာ၊ တော်လှန်ကဗျာတွေကို ရွတ်ဖတ်တာတွေ ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။