မီးဖို မီးကြွင်းမီးကျန်ကနေ စလောင်လို့ နေအိမ် ၆ လုံးမီးလောင်ပျက်စီး

0 4
0 4

ပန်းတောင်း၊ မတ် ၂၀၊ ၂၀၂၃။

ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ တလုပ္ပင်ကျေးရွာအုပ်စု၊ တလုပ္ပင်ကျေးရွာမှာ မီးဖို မီးကြွင်းမီးကျန်ကနေ မီးလောင်မှုဖြစ်ပြီး နေအိမ် ၆ လုံး မီးလောင်ပျက်စီးသွားတယ်လို့ သိရပါတယ်။

မတ်လ ၂၀ ရက်ဒီမနက် ၈ နာရီဝန်းကျင်မှာ တလုပ္ပင်ကျေးရွာနေ ဦးသန်းထွဋ်နေအိမ်ရှိ မီးဖိုကနေ မီးစလောင်ခဲ့တာကြောင့် နေအိမ်တွေ ကူးစက်လောင်ကျွမ်းခဲ့တာလို့ ဒေသခံတဦးကပြောပါတယ်။

“ထမင်းတည်ပြီး မီးဖိုမီးကို ကုန်အောင်မသတ်ဘဲ ထားရာက မီးကြွင်းမီးကျန်ကနေ မီးလောင်တာ။ အိမ်တွေကလည်း ပျဥ်ထောင်အိမ်တွေဆိုတော့ မီးလောင်အားကောင်းပြီးမီးကူးတာပါ။ ကျနော်တို့ သိရချိန်မှာ မီးကတော်တော် ကူးနေပြီ။ ရွာကလူတွေအားနဲ့ပဲ မီးကိုထိန်းထားနိုင်ခဲ့တယ်” လို့ ပြောပါတယ်။

ဒီမီးလောင်မှုကြောင့် သွပ်မိုး၊ ပျဥ်ကာ နေအိမ် ၆ လုံး မီးလောင်ပျက်စီးခဲ့ရာ ကာလတန်ဖိုး ကျပ်သိန်း ၂၀၀ ကျော် ပျက်စီးဆုံးရှုံးခဲ့ပြီး၊ မီးသတ်၊ ဒေသဆိုင်ရာအဖွဲ့အစည်းတွေနဲ့ ဒေသခံတွေက ဝိုင်းဝန်းမီးငြိမ်းပေးခဲ့လို့ ၁ နာရီကျော်အကြာမှာ မီးငြိမ်းသွားတယ်လို့ ဆိုပါတယ်။

မီးဘေးသင့်ပြည်သူ အမျိုးသား ၆ ဦးနဲ့ အမျိုးသမီး ၁၀ ဦးစုစုပေါင်း ၁၆ ဦးရှိခဲ့ပြီး သူတို့ကတော့ ကျေးရွာဘုန်းကြီးကျောင်းမှာ ယာယီနေထိုင်နေရတယ်လို့ သိရပါတယ်။

စာတည်း – လင်း

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။