myaelatt athan

Sharing Information to the Local

စဥ့်ကူးက စစ်တပ်သတင်းပေး အမျိုးသမီးတဦး ပစ်သတ်ခံရ

စဥ့်ကူး၊ မတ် ၂၀၊ ၂၀၂၃။

မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်၊ ရွာသာယာရွာက စစ်တပ်သတင်းပေးလို့လူသိများတဲ့ အမျိုးသမီးတဦး မတ်လ ၁၉ ရက် မနေ့ကနေ့လယ်ပိုင်းမှာ ပစ်ခတ်ရှင်းလင်းခံခဲ့ရပါတယ်။

အသက် ၄၃ နှစ်အရွယ် မယုခိုင်ဟာ စစ်တပ်ကို သတင်းပေးတိုင်ကြားတာတွေ လုပ်တာကြောင့် သူ့နေအိမ်ကနေ ဖမ်းလာပြီး ရွာအနောက်ဘက်ကမ်းရှိ သေနပ်ကျွန်းပေါ်အရောက်မှာ ပစ်ခတ်ရှင်းလင်းခဲ့တာလို့ Bo Tiger-ဗိုလ်ကျားကြီးအဖွဲ့ ခေါင်းဆောင် ဗိုလ်ကျားကြီးက ပြောပါတယ်။

“သူက PDF တွေ ဘယ်မှာရှိတယ်။ ဘယ်နေရာမှာနေတယ်ဆိုတာကို စစ်တပ်ကို ဖုန်းနဲ့သတင်းပေးတာ။ သူ့ရဲ့ဖုန်းစစ်‌ဆေးကြည့်လိုက်တော့လည်း စစ်တပ်နဲ့ဆက်သွယ်ပြီး ပြောဆိုရေးသားထားတာတွေ တွေ့တယ်။ သေချာတာကြောင့် သူ့ကိုနေအိမ်ကနေ ဖမ်းလာပြီး သေနတ်ကျွန်းပေါ်ရောက်မှ သေနတ်နဲ့ ၂ ချက် ပစ်ခတ်ခဲ့တာပါ” လို့ ပြောပါတယ်။

ဒီရှင်းလင်းမှုကို Bo Tiger-ဗိုလ်ကျားကြီးအဖွဲ့နဲ့ ရဲရဲတောက်အဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပြီး၊ ဗိုက်နဲ့ နားထင်ကို ၁ ချက်စီပစ်ခတ်ခဲ့တာကြောင့် မယုခိုင်မှာ နေရာတင်ပွဲချင်းပြီး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၁၇ ရက်ကလည်း မယ်ဇလီချောင်၊ အက်နံ၊ ရွှေခဲပြန်ရွာတွေကို စစ်ကြောင်းထိုးပြီးထွက်လာတဲ့ စစ်အုပ်စုကို ရွှေခဲပြန်ရွာအထွက်မှာ Bo Tiger အဖွဲ့က တိုက်ခိုက်ခဲ့ရာ စစ်သားသေဆုံးမှုတွေ ရှိခဲ့ပါသေးတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။