myaelatt athan

Sharing Information to the Local

ပြည်သူ့ကာကွယ်ရေးစခန်းရှိ ဆိုင်ကယ်တစီး လျှပ်စီးကြောင်းထိပြီး မီးလောင်ဆုံးရှုံး

ပုလဲ၊ မတ် ၁၆၊ ၂၀၂၃။

ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်ရှိ ပြည်သူ့ကာကွယ်ရေးစခန်းတခုမှာ လေပြင်းတိုက် လျှပ်စီးကြောင်းထိမှန်ပြီး ဆိုင်ကယ်တစီး မီးလောင်ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။

မတ်လ ၁၅ ရက်နေ့၊ ညသန်းခေါင်ယံ အချိန်ခန့်က ဖြစ်ပွားခဲ့တာလို့ ယင်းမာပင်ခရိုင်၊ အမှတ် ၁၂ တပ်ရင်း P1.3012 Guerilla Ranger တပ်ရင်းရဲ့ တာ၀န်ခံ ကိုနေမင်း က မြေလတ်အသံကို ပြောပါတယ်။

“မိုးရွာတာက နည်းတယ်ဗျ။ လေတိုက်တာက အတော်များတယ်။ မိုးခြိမ်းပြီး လျှပ်စီးလက်တာများတော့ လျှပ်စီးကြောင်းထိလို့ ဆိုင်ကယ်ကို မီးစွဲလောင်တာပါ။ တဲစခန်းနဲ့က နီးပေမယ့် ရေစိုနေတော့ တခြားပစ္စည်းတွေ ပျက်စီးဆုံးရှုံးတာ မရှိပါဘူး” လို့ ကိုနေမင်း က မြေလတ်အသံကို ပြောပါတယ်။

မိုးလေဝသ လေ့လာခန့်မှန်းသူ တဦးက မတ်လ ၁၀ ရက်နေ့ကစလို့ မြန်မာနိုင်ငံတဝှမ်း မိုးသက်လေပြင်းကျကာ မိုးသီးများ ကြွေကျနိုင်ပြီး မွန်၊ ကရင်၊ ရန်ကုန်၊ ပဲခူး၊ ဧရာဝတီ၊
မကွေး၊ မန္တလေး၊ စစ်ကိုင်း ကဲ့သို့ပြည်နယ်နဲ့ တိုင်းအချို့မှာ မိုးထစ်ချုန်းရွာသွန်းတာတွေ ဖြစ်နိုင်တယ်လို့ ခန့်မှန်းပြောဆိုထားပါတယ်။

စာတည်း – 007

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။