myaelatt athan

Sharing Information to the Local

ပခုက္ကူမှာ ရွှေဆိုင်ဓါးပြတိုက်ခိုက်ခံရပြီး ကျပ်သိန်း ၂၀ ဖိုးခန့်ပါသွား

ပခုက္ကူ၊ မတ် ၁၅၊ ၂၀၂၃။

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့က နန်းမြတ်တော်ဝင် စိန်ရွှေရတနာဆိုင် ဓားပြတိုက်ခံရပြီး ကျပ်သိန်း ၂၀ ခန့်တန်ဖိုးရှိ ရွှေထည်နဲ့ဖုန်းတွေကို ယူဆောင်သွားတာခံခဲ့ရတယ်လို့ သိရပါတယ်။

ယမန်နေ့ မတ်လ ၁၄ ရက်နေ့ ညနေ ၃ နာရီကျော်ခန့်မှာ အဲ့ဒီ စိန်ရွှေရတနာနဲ့ရွှေပန်းတိမ်ဆိုင်ကို သေနတ်နဲ့ဓားကိုင်ထားသူ ၄ ဦးခန့်က ဆိုင်ကယ်နဲ့ရောက်လာပြီး သေနတ်နဲ့ ခြိမ်းခြောက် ဓားပြတိုက်သွားတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

“ဓားပြတိုက်ခံရတာက ဟုတ်ပါတယ်။ အများကြီး ပါသွားတာတော့ မဟုတ်ဘူး။ ကျန်တာက မိသားစုဝင်တွေလည်း စိုးရိမ်နေကြတယ်။ ဖမ်းခေါ်သွားခံရတဲ့ အလုပ်သမား ၁ ယောက်လည်း ပြန်ရောက်လာပြီလို့ သိရတယ်။ လမ်းမှာပဲ ပြန်လွှတ်ပေးလိုက်တာ” လို့ ပြောပါတယ်။

ရွှေဆိုင်ကနေ လက်စွပ် ၃ ကွင်း၊ လက်ကောက် ၁ ကွင်း၊ ဖုန်း ၁ လုံးတို့ကို ယူဆောင်သွားခဲ့တာဖြစ်လို့ သိရပါတယ်။ ဖြစ်စဉ်ဖြစ်ပွားပြီးနောက်မှာတော့ စစ်ကောင်စီဘက်က မြို့တွင်းလမ်းတွေကို ပိတ်ဆို့စစ်ဆေးခဲ့သလို မြို့အဝင်အထွက်နေရာတွေကိုပါ ပိတ်ဆို့ စစ်ဆေးတာလုပ်ခဲ့ပေမယ့် ဖမ်းဆီးရမိတာ မရှိဘူးလို့ ဆိုပါတယ်။

ဖေဖော်ဝါရီလ ၆ ရက်နေ့ကလည်း ပခုက္ကူမြို့၊ အမှတ်(၁၀)ရပ်ကွက်၊ ရန်အောင်လမ်းနေ ဦးအောင်မိုးဝင်း နေအိမ် ဓားပြတိုက်ခံရပြီး ဦးအောင်မိုးဝင်းကို ဖမ်းဆီးသွားတဲ့အပြင် ငွေကျပ် သိန်း ၅၀ ကျော်နဲ့ ဖုန်းတွေကိုပါ ယူဆောင်သွားတယ်လို့ သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။