PDF ရဲဘော်ကျဆုံးခြင်း ၁ လပြည့်မှာ ဂူဗိမာန်သွင်း ဆွမ်းသွပ်တရားတော်နာ ပြုလုပ်

ဆားလင်းကြီး၊ မတ် ၁၅၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်မှာ စစ်ကောင်စီတပ်တွေကို တိုက်ခိုက်ရင်း ကျဆုံးခဲ့တဲ့ National Revolutionary Guards က ရဲဘော်တဦးရဲ့ ကျဆုံးခြင်း တလပြည့် အထိမ်းအမှတ်အဖြစ် မတ်လ ၁၄ ရက် မနေ့ကမနက်ပိုင်းမှာ ဂူဗိမာန်သွင်းပြီး ဆွမ်းသွပ်တရားနာ အခမ်းအနားကို ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

အသက် ၂၁ နှစ်အရွယ် ရဲဘော်မိုးမင်းထက် (ခ) ဖာလန်အတွက် မိခင်တပ်ရင်းက ရဲဘော်တွေနဲ့အတူ သူ့ရဲ့မွေးရပ်မြေမှာ ပြုလုပ်ပေးခဲ့ကြတာလို့ National Revolutionary Guards ဒုတပ်ရင်းမှူး ဗိုလ်သူရိန်က မြေလတ်အသံကို ပြောပါတယ်။

“ဈာပနပြုလုပ်တဲ့နေ့က ကျဆုံးရဲဘော်ရဲ့ မိသားစုဝင်တွေ လာပါတယ်။ တလပြည့်မှာတော့ မလာနိုင်ပါဘူး။ သူ့ရဲ့မိသားစုဝင်တွေရဲ့တောင်းဆိုချက်အရ သူ့ဇာတိမြေမှာလည်း တပ်ရင်းကနေ အကုန်အကျခံပြီးတော့ ဂူဗိမာန်လုပ်ပေးခဲ့သလို တပ်ရင်းမှာ ဂူဗိမာန်လုပ်ခဲ့ပါတယ်” လို့ ပြောပါတယ်။

ရဲဘော်မိုးမင်းထက်ဟာ ပြီးခဲ့တဲ့ဖေဖော်ဝါရီလ ၁၄ ရက်က ဆားလင်းကြီးမြို့နယ်အတွင်း စစ်ကောင်စီတပ်တွေကို တိုက်ခိုက်ရင်း ကျဆုံးခဲ့ရတာလည်း ဖြစ်ပါတယ်။

စာတည်း – လင်း

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။