myaelatt athan

Sharing Information to the Local

မိုးကုတ်မြို့ကိုဗုံးထပ်ကြဲလို့ ကလေး ၁ ဦးပါ ၃ ဦးသေဆုံးပြီး ၁ ဦးပျောက်ဆုံးနေ

0 24
0 24

မြေလတ်အသံ၊ သြဂုတ် ၁၇၊ ၂၀၂၅။

မန္တလေးတိုင်း၊ မိုးကုတ်မြို့ပေါ်က နေရာ ၂ခုကို စစ်ကောင်စီတပ်က သြဂုတ် ၁၇ ရက်ဒီမနက် ၈ နာရီကျော်မှာ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကလေး ၁ ဦးအပါအဝင် အမျိုးသား ၃ ဦးသေဆုံးပြီး ၁ ဦးပျောက်ဆုံးနေတယ်လို့ ဒေသခံတွေကပြောပါတယ်။

တိုက်ခိုက်ရေးလေယာဥ် ၁ စီးနဲ့ မိုးကုတ်မြို့၊ စစ်တန်းရက်ကွက်ရှိ ပတ္တမြားငမောက်တည်းခိုခန်းရှေ့ ၁ လုံး၊ အစိုးရဘဏ်ရှေ့ ၁ လုံး စုစုပေါင်းဗုံးသီး ၂ လုံးကြဲချခဲ့ရာ လမ်းပေါ်သွားလာနေတဲ့ အသက် ၁၀နှစ် အရွယ် ကလေး(ကျား) ၁ ဦးနဲ့ အသက် ၃၀ အရွယ် အမျိုးသား ၂ ဦးတို့သေဆုံးပြီး စျေးသည်အမျိုးသမီး ၁ ဦးလည်း ပျောက်ဆုံးနေတယ်လို့ ဆိုပါတယ်။

“ဗုံးကျတဲ့နေရာမှာ တည့်တည့်ရောက်နေခဲ့တာ။ သေဆုံးသူတွေက တည်းခိုခန်းရှေ့နားကလူတွေပါ။ပဲ ပြုတ်သည် ၁ ဦးလည်းပါတယ်ပြောတယ်ဗျ။ သူမက အလောင်းမတွေ့ပါ။ ပျောက်ဆုံးအခြေအနေ။ သူ့ပစ္စည်းတွေထားခဲ့ပြီး ပြေးသွားခဲ့တာလား၊ လွင့်စင်သွားခဲ့တာလား မသဲကွဲသေးပါ”လို့ မြို့ခံအမျိုးသားတဦးက ပြောပါတယ်။

ဗုံးကြဲနေရာတွေကို ကယ်ဆယ်ရေးဆောင်ရွက်ပေးနေသူအမျိုးသား ၁ ဦးကလည်း သေဆုံးသူ ၃ ဦး နဲ့ ပျောက်ဆုံးအမျိုးသမီး ၁ ဦးရှိပြီး အခြားထိခိုက်ဒဏ်ရာရရှိသူမရှိခဲ့ဘူးလို့ အတည်ပြုပြောဆိုပါတယ်။

ပြီးခဲ့တဲ့သြဂုတ် ၁၄ ရက်ကလည်း မိုးကုတ်မြို့အရှေ့ပိုင်း ရွှေတိုင်ရက်ကွက်ရှိ လင်းရောင်ခြည်ဘုန်းကြီးကျောင်းဝန်းကျင်ကို ပေါင် ၅၀၀ ဗုံးသီး ၁လုံးကြဲချခဲ့ရာ ကိုယ်ဝန်သည်အမျိုးသမီး ၂ ဦး၊ ၅နှစ် အရွယ်ကလေး(ကျား) ၁ ဦးတို့အပါအဝင် ၂၁ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။