myaelatt athan

Sharing Information to the Local

မြောင်မှာ အမျိုးသားတဦးကို စစ်အုပ်စုက ပစ်သတ်ပြီး ပြန်ထွက်ချိန်မိုင်းဆွဲခံရ

0 2
0 2

မြောင်၊ မတ် ၁၁၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ကင်းကျေးရွာထဲကို စစ်ကောင်စီတပ်သားတွေက မတ်လ ၁၁ ရက် ဒီမနက် ၆ နာရီလောက်မှာ ဝင်ရောက်လာကာ အမျိုးသားတဦးကို သေနတ်နဲ့ ပစ်သတ်သွားတဲ့အပြင် ရွာထဲက ပစ္စည်းတွေကိုလည်း ယူသွားခဲ့တယ်လို့ သိရပါတယ်။

ကျောက်ရစ်ရွာစခန်းက ထွက်လာတဲ့ အင်အား ၄၀ ဝန်းကျင်ပါ စစ်သားတွေဟာ ကင်းကျေးရွာထဲကို ဝင်ရောက်ချိန် အထက်ပါအမျိုးသားနဲ့ ထိပ်တိုက်တွေ့ပြီး ပစ်သတ်ခဲ့တာလို့ Myaung Union Army-003 အဖွဲ့မှ တာဝန်ရှိသူတဦးက ပြောပါတယ်။

“အင်အားကတော့ ၄၀ လောက်ပါတယ်။ ရွာထဲကို သေနတ်တွေ ပစ်ဖောက်ပြီးဝင်လာတာ။ အဲ့မှာ ပြည်သူတဦးက သူတို့နဲ့ ထိပ်တိုက်တွေ့လိုက်တော့ ပြေးတာပေါ့။ အဲ့မှာ လှမ်းပစ်လိုက်တာ ကျသွားတယ်။ သူတို့ဘက်ကလည်း ထွက်လာတုန်းက ၄၀ (အင်အား)၊ ပြန်ဝင်တော့ ၄၀ လုံး မဝင်နိုင်ဘူး” လို့ ပြောပါတယ်။

သေဆုံးသူဟာ မကွေးမြို့ကနေ ကင်းရွာမှာ အခြေချနေထိုင်နေတဲ့သူလို့သာ သိရပြီး၊ သူနဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်ကိုတော့ မသိရှိရသေးပေမယ့် အလောင်းကိုတော့ စစ်ကောင်စီတပ်တွေက ပစ်တဲ့နေရာမှာပဲ ထားခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီနောက် ရွာထဲက ပစ္စည်းတွေကိုပါ ယူလာတဲ့ အဆိုပါစစ်သားတွေကို မနက် ၇ နာရီလောက်မှာ ကျေးရွာ Local တပ်ပေါင်းစုတွေနဲ့ နယ်မြေခံတပ်ရင်းတပ်ဖွဲ့တွေက ကျောက်ရစ်စခန်းကို ပြန်တဲ့လမ်းပိုင်းမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦး ဒဏ်ရာရခဲ့တယ်လို့ Myaung Union Army-003 အဖွဲ့မှ တာဝန်ရှိသူတဦးက ပြောပါတယ်။

ကျောက်ရစ်စခန်းက စစ်သားတွေဟာ နယ်မြေစိုးမိုးမှုရဖို့အတွက် မကြာခဏဆိုသလို အနီးနားကျေးရွာတွေကို စစ်ကြောင်းထိုးကာ ဝင်ရောက်ဖျက်ဆီးလေ့ရှိသလို ကာကွယ်ရေးအဖွဲ့တွေက လက်နက်ကြီး၊ လက်နက်ငယ်တွေ အဲ့ဒီစခန်းကို တိုက်ခိုက်လေ့ရှိတယ်လို့ သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။