myaelatt athan

Sharing Information to the Local

စစ်ကိုင်းက ပျူသင်တန်းဆင်းထားသူ ပစ်သတ်ခံရ

စစ်ကိုင်း၊ မတ် ၁၁၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်မှာ PDF တွေကို မထောက်ပံ့ဖို့ ပြောဆိုတဲ့ ပျူစောထီးသင်တန်းဆင်းလို့ လူသိများသူ တဦးကို မတ်လ ၁၁ ရက် ဒီမနက်မှာ ရှင်းလင်းခဲ့တယ်လို့ Truth Keeping Force – AMA အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

စစ်ကိုင်းမြို့နယ်၊ ကျောက်ဆည်အုပ်စု၊ ကျောက်ဆည်ရွာက အသက် ၅၀ နှစ်အရွယ် ကိုရဲလင်း ဆိုသူဖြစ်ပြီး၊ ဒီမနက် ၆ နာရီလောက်မှာ ပစ္စတိုနဲ့ ၇ ချက် ပစ်ခတ်ရှင်းလင်းခဲ့တာလို့ ဆိုပါတယ်။

“သူက မနက်တိုင်းလမ်းလျှောက်နေကျ။ ဒီနေ့လည်း သူ့အိမ်နားက ဘောလုံးကွင်းမှာ တဦးထဲ လမ်းလျှောက်နေတာကို ရှင်းလင်းခဲ့တာပါ။ ပစ်မှတ်ဖြစ်တဲ့ သူ့ကိုပဲ ပစ်ခဲ့သလို နေရာမှာတင် ပွဲချင်းပြီး သေသွားပါတယ်” လို့ Truth Keeping Force – AMA ရဲ့ သတင်းပြန်ကြားရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။

ကိုရဲလင်းဟာ စစ်ကောင်စီကို သတင်းပေးတာ၊ ဆပ်ကြေးကောက်တာ၊ PDF ကိုမထောက်ပံ့ဖို့ ကျေးရွာသားတွေကို ခြိမ်းခြောက်ပြောဆိုတာတွေ ရှိတယ်လို့ သူကဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလ ၂၀ ရက်ကလည်း Truth Keeping Force – AMA အဖွဲ့ဟာ Kyaukse Apostle Force အဖွဲ့နဲ့ ပူးပေါင်းပြီး မန္တလေးတိုင်း၊ တံတားဦးမြို့နယ်က အမှတ် ၆ ရပ်ကွက် အုပ်ချုပ်ရေးမှူး ကိုအောင်ဆန်းဝင်းနဲ့ အကိုဖြစ်သူ ကိုဘပြုံးတို့ကို ပစ်ခတ်ရှင်းလင်းခဲ့ပါသေးတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။