myaelatt athan

Sharing Information to the Local

စစ်ရှောင်တွေအတွက် ရိက္ခာထောက်ပံ့နိုင်ဖို့ ကိုယ်တိုင်စိုက်ပျိုးနေတဲ့ ထောက်ပို့အဖွဲ့

စစ်ကိုင်း၊ မတ် ၁၁၊ ၂၀၂၃။

စစ်ကိုင်းတိုင်းဒေသကြီး၊ မြို့နယ်အချို့က စစ်ဘေးရှောင်ပြည်သူတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေအတွက် စားနပ်ရိက္ခာကို ကာလတိုထောက်ပံ့ပေးပို့နိုင်ဖို့ ပြည်သူမှပြည်သူသို့ ထောက်ပို့အဖွဲ့သားတွေက ကိုယ်တိုင်စိုက်ပျိုးနေတယ်လို့ သိရပါတယ်။

စစ်ကိုင်းတိုင်းထဲက ယင်းမာပင်၊ ဆားလင်းကြီး၊ ကနီ၊ ပုလဲ မြို့နယ်တွေထဲက စစ်ရှောင်တွေအတွက် ကုန်ခြောက်တွေကို တနိုင်တပိုင်ထောက်ပံ့ပေးနေသလို စားသုံးသီးနှံတွေ ထပ်မံထောက်ပံ့ချင်လို့ အခုလိုစိုက်ပျိုးနေကြတာလို့ ရန်ပုံငွေရှာဖွေရေးတာဝန်ခံ ကိုသက်ဦး ကပြောပါတယ်။

“ကုန်စိမ်းသီးနှံ ကန်ဇွန်း၊ ချဥ်ပေါင်၊ ခရမ်းသီး၊ ဘူးသီး၊ ကြက်သွန်နီ ကိုစိုက်ခင်းမှာ အဖွဲ့သားတွေ စိုက်ပျိုးနေကြပါတယ်။ ရေရှည်ရပ်တည်ထောက်ပံ့နိုင်ဖို့ ပြည်သူတွေက လှူဒါန်းပေးဖို့ ပြောလိုပါတယ်” လို့ ကိုသက်ဦးက မြေလတ်အသံကို ပြောပါတယ်။

ကြက်သွန်နီ ၅ ဧက၊ ကန်စွန်း၊ ချဉ်ပေါင်၊ ခရမ်း ၁ ဧက တို့ကို အမာခံအမျိုးသားတွေနဲ့ စိုက်ပျိုးနေသလို အနီးနားရှိ‌ ဒေသခံတွေကလည်း ဝိုင်းဝန်းစိုက်ပျိုးပေးကြတယ်လို့ ဆိုပါတယ်။

“ကျနော်တို့အဖွဲ့က ပြည်တွင်းပြည်ပက အလှူရှင်တွေနဲ့ ရပ်တည်နေရတာပါ။ အချိန်ကြာလာတာနဲ့အမျှ ထောက်ပံ့ပေးနိုင်ဖို့ ခက်လာတယ်။ စစ်ရှောင်တွေကလည်း များလာတယ်။ အဲဒါကြောင့် ကျနော်တို့ ရေရှည်မလုပ်နိုင်ဘဲ ရေတိုတွေပဲ ထောက်ပံ့နေရတယ်။ ဒါကြောင့် ပြည်သူတွေအနေနဲ့ ထပ်မံပံ့ပိုးပေးကြဖို့ကို ပြောချင်ပါတယ်” လို့ ကိုသက်ဦးက ဆိုပါတယ်။

ပြည်သူမှပြည်သူသို့ ထောက်ပို့အဖွဲ့ကို ကိုဗစ်ကာလမှာကတည်းက ဖွဲ့စည်းထားတာဖြစ်ပြီးအာဏာသိမ်းပြီးနောက်ပိုင်းမှာလည်း ပြည်သူတွေရဲ့လတ်တလော အခက်အခဲများကို ကူညီပေးဖို့ ဆုံးဖြတ်ကာ အမာခံယောက်ျား ၁၂ ဦးနဲ့ ချက်ပြုတ်ရေး၊ စိုက်ပျိုးရေးတွေကို ကိုယ်တိုင်လုပ်ဆောင်ပြီး အခြားမြို့နယ်တွေကိုလည်း မျှဝေပေးနေတယ်လို့ သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။