myaelatt athan

Sharing Information to the Local

စစ်ကောင်စီက အရပ်သားကား ၃၀ ခန့်နဲ့ ချင်းပြည်နယ်ကို လက်နက်ရိက္ခာပို့နေ

ကလေး၊ မတ် ၁၀၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်က စစ်ကောင်စီတပ်သားတွေဟာ အရပ်သားကား ၂၉ စီးကို ချောဆွဲပြီး ချင်းပြည်နယ်မှာရှိတဲ့ စစ်ကောင်စီတပ်သားတွေဆီကို လက်နက်နဲ့ရိက္ခာ ပို့ဆောင်နေတယ်လို့ သိရပါတယ်။

ကလေးမြို့ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ဒကစ) တပ်မှ စစ်ကောင်စီတပ်သားတွေဟာ အရပ် သားပိုင် ၁၂ ဘီးကား ၁၀ စီး၊ ၆ ဘီးကား ၁၉ စီးတို့နဲ့ မတ်လ ၉ ရက်မနက်ပိုင်းမှာ ချင်းပြည်နယ်၊ ဖလမ်းမြို့ဘက်ကို ထွက်ခွာခဲ့တာ ဖြစ်တယ်လို့ UG တပ်ရင်း ဦးဆောင်သူ ရန်မင်းနိုင်က ပြောပါတယ်။

“ကားပေါ်မှာ ရိက္ခာနဲ့ စကစမိသားစုတွေ ပါတယ်။ အရပ်သား ဓါးစာခံ ၃၀ လောက် ပါမယ်။ ချင်းပြည်နယ်က သူတို့တပ်တွေ ရိက္ခာ၊ ခဲယမ်း အားနည်းနေလို့ပို့တာ။ လေယာဥ်တွေနဲ့လည်း မပို့ရဲတော့ အရပ်သားကားနဲ့ ပို့နေတာပါ။ မတ် ၃ ရက်နေ့က mi 17 တစီး အပစ်ခံရလို့ လေကြောင်းမသုံးတော့တာ” လို့ ဆိုပါတယ်။

ဒီကုန်ကား ၂၀ ကျော်ကို စစ်ကောင်စီအင်အား ၂၀၀ ဝန်းကျင်နဲ့အတူ သံချပ်ကာ ကား ၂ စီး လည်း လုံခြုံရေးလိုက်ပါခဲ့ကြသေးတယ်လို့ သူကဆိုပါတယ်။

ဒီကားတွေထဲမှာ အရပ်သား ၃၀ ဝန်းကျင်ကို စစ်ကောင်စီတပ်သားတွေက ဓားစာခံအဖြစ် ခေါ်ဆောင်သွားတာနဲ့ ပတ်သက်လို့ မြေလတ်အသံအနေနဲ့ သီးခြားအတည်မပြုနိုင်သေးသလို နောက်ဆက်တွဲအခြေအနေကိုလည်း ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါတယ်။

အဆိုပါ ကုန်တင်ကားတွေကို စစ်ကောင်စီတပ်သားတွေက မတ်လ ၆ ရက်နေ့ကတည်းက စီးပွားရေးလုပ်ငန်းရှင်တွေဆီကနေ ချောဆွဲထားတာဖြစ်ပြီး အဲဒီထဲက ကားတချို့ကိုလည်း မတ်လ ၇ ရက်နေ့မှာ ဟားခါးမြို့ကို ဆန်တွေ ပို့ခိုင်းခဲ့သေးတယ်လို့ သိရပါတယ်။

စာတည်း – 007

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။