မြောင်နယ်က ကျောင်း ၁၅ ကျောင်းမှာ လေကြောင်းအန္တရာယ်ကာကွယ်ရေး ဟောပြောပွဲပြုလုပ်

0 5
0 5

မြောင်၊ မတ် ၁၀၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်အတွင်းက ကြားကာလပညာသင်ကျောင်း ၁၅ ကျောင်းက ကျောင်းသား၊သူတွေကို မတ်လ ၉ ရက်မနေ့က စစ်ကောင်စီတပ်တွေရဲ့ လေကြောင်းအန္တရာယ်ကို ကာကွယ်နိုင်ဖို့ ရည်ရွယ်ချက်နဲ့ “လေယာဉ်ပျံတွေလာရင်” ခေါင်းစဉ်နဲ့ ဟောပြောပွဲ ပြုလုပ်ခဲ့ပါတယ်။

ဒီဟောပြောပွဲကို အရာတော်မြို့နယ် လူထုသပိတ်ဦးဆောင်ကော်မတီက ဦးဆောင်ပြုလုပ်ခဲ့တာဖြစ်ပြီး၊ မြောင်ပညာရေးကွန်ရက်က စီစဥ်ထုတ်လုပ်တဲ့ ပညာပေးစာအုပ်တွေ ဖြန့်ဝေတာနဲ့ ကာတွန်းသရုပ်ဖော်ပုံတွေ ပြသခဲ့တာတွေလည်း ပြုလုပ်ခဲ့တယ်လို့ မြောင်ပညာရေးကွန်ယက်မှ တာဝန်ရှိသူတဦးက ပြောပါတယ်။

“ရည်ရွယ်ချက်ကတော့ ၁၀ နှစ်အောက် ကလေးတွေအတွက် စာအုပ်တွေထုတ်ပြီး၊ လူကြီးတွေကိုတော့ advance level တွေးပြီး လုပ်ဆောင်သွားပါတယ်။ ကလေးတွေကိုယ်တိုင် လေယာဥ်လာရင် ဘယ်လိုလုပ််ဆောင်ကြရမလဲဆိုတာ ပိုပြီးသိလာစေဖို့နဲ့ မိမိတို့ကိုယ်တိုင် ကာကွယ်နိုင်ဖို့၊ အတူတူဖေးမကြဖို့ စည်းကမ်းတကျ ဘယ်လိုတွေ လုပ်ဆောင်ကြမလဲဆိုတာနဲ့ ကျောင်းက မိခင်၊ ဆရာဆရာမတွေကိုယ်တိုင် ဘယ်လိုကာကွယ်ကြမလဲဆိုတာကို သိနိုင်ဖို့ရည်ရွယ်ပါတယ်” လို့ ပြောပါတယ်။

ဖေဖော်ဝါရီလ ၂၂ ရက်မှာ ပထမအကြိမ်ဟောပြောပွဲ ပြုလုပ်ခဲ့တာဖြစ်ပြီး၊ အခုမတ်လအတွင်း ဟောပြောပွဲမှာတော့ စစ်ဘေးထိတွေ့ခဲ့တဲ့ ကျေးရွာတွေအပါအဝင် ကျောင်းပေါင်း ၁၅ ကျောင်းက ကလေးတွေနဲ့ ကျောင်းသားတွေရဲ့မိဘတွေပါ ပါဝင်ခဲ့ကြတယ်လို့ ဆိုပါတယ်။

လက်ရှိမြောင်မြို့နယ်အတွင်းမှာ ကြားကာလပညာရေးကျောင်း ၃၀ ကျော် ဖွင့်လှစ်ထားနိုင်ပြီး၊ အဲ့ဒီမှာ ကျောင်းသား၊သူ ၃၀၀၀ ဝန်းကျင်ရှိကာ ဆရာ၊ဆရာမ ၅၀၀ ကျော်က သင်ကြားပို့ချပေးနေတယ်လို့လည်း သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။