ဘုတလင်မှာ စစ်ကြောင်းထိုးလို့ ဒေသခံ ၄ ထောင်ကျော်အရေးပေါ်စစ်ရှောင်နေရ

0 141
0 141

ဘုတလင်၊ သြဂုတ် ၁၃၊ ၂၀၂၅။

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်အတွင်းကို စစ်ကောင်စီတပ်က သြဂုတ် ၁၃ ရက်ဒီမနက် ၇ နာရီ လောက်မှာ စတင်စစ်ကြောင်းထိုးလာတာကြောင့် ဒေသခံထောင်ချီ တိမ်းရှောင်နေရတယ်လို့ ဒေသခံတွေ ဆီကသိရပါတယ်။

မုံရွာအခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ် – နမခက ထွက်လာတဲ့ တင့်ကား ၂ စီး၊ ဂျန်ဘာကား ၁ စီး၊ အင်အား ၁၀၀ ဝန်းကျင်ပါစစ်ကြောင်းနဲ့ ဘုတလင်မြို့ပေါ်ရှိစစ်ကောင်စီတပ်တွေက ဒီမနက်မှာ စတင်စစ်ကြောင်းထိုးလာတာလို့ ဆိုပါတယ်။

“နမခ နဲ့ ဘုတလင်တပ်ချိန်းမယ်လည်းကြားတယ်၊ စိုင်ပြင်မြို့အထိ တင့်ကားတွေပို့မယ်လည်း ကြားတယ်၊ လောလောဆယ် ဘုတလင်မြို့ထဲကစစ်ကြောင်းကလည်း တောင်ဘက်ကိုထွက်တယ်။ နမခက စစ်ကြောင်းကိုကြိုတဲ့ အနေထားတော့ရှိတယ်”လို့ ဒေါင်းရာဇာစစ်ရှောင်ကူညီကယ်ဆယ်ရေး အဖွဲ့ဝင်တဦးက မြေလတ်အသံကို ပြောပါတယ်။

စစ်ကြောင်းတွေဝင်နေတာကြောင့် ဇီးတော၊ မြို့ပေါ်၊ ထနောင်းကုန်း၊ သားရိုးကုန်း၊ ညောင်ပင်ကန် စတဲ့ကျေးရွာတွေအပါ မုံရွာ-ဘုတလင်လမ်းဘေးရှိကျေးရွာတွေက ပြည်သူ ၄.၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင်နေ ကြရတယ်လို့ဒေသခံတွေဆီက သိရပါတယ်။

လက်ရှိမှာ စစ်ကောင်စီစစ်ကြောင်းက ဘုတလင်မြို့နယ်၊ ထနောင်းကုန်းကျေးရွာကို ရောက်ရှိနေပြီး စစ်ကြောင်းထိုးရာလမ်းတလျောက် ခရီးသွားကားတွေကိုလည်း စစ်ဆေးနေမှုလုပ်နေတယ်လို့လည်း သိရပါတယ်။

စာတည်း – လင်း

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။