myaelatt athan

Sharing Information to the Local

မြင်းမူမှာ စစ်ကောင်စီကားတွေကို တရက်တည်း ၂ ကြိမ် မိုင်းဆွဲတိုက်ခိုက်

0 3
0 3

မြင်းမူ၊ မတ် ၁၀၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်ထဲမှာ မတ်လ ၉ ရက် မနေ့ကတရက်တည်းမှာတင် စစ်ကောင်စီကားတွေကို ဒေသခံကာကွယ်ရေးတပ်တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့ပါတယ်။

နေ့လယ် ၁ နာရီ မိနစ် ၄၀ လောက်မှာ စစ်သားတွေ လုံခြုံရေးယူပြီး မုံရွာကနေ ကြေးနီတွေသယ်လာတဲ့ ကား ၁၂ စီးကို အလ္လကပ္ပရွာနဲ့ ဝမ်းပြည့်ရွာကြားမှာ မိုင်းဘီးလူးနဲ့ ပထမအကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ၅ စီးမြောက်ကို ထိမှန်သွားတယ်လို့ DK PDF – Myinmu တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

“ကျနော်တို့က စကစရဲ့ဝင်ငွေ လည်ပတ်စီးဆင်းမှုကို ပိတ်ဆို့တဲ့အနေနဲ့ ကြေးနီတွေ တင်လာတဲ့ကားတွေကို မိုင်းဆွဲလိုက်တာပါ။ မိုင်းဆွဲလိုက်ပြီးတော့ သူတို့ဘက်က လက်နက်ငယ်တွေနဲ့ ပြန်ပစ်ခဲ့တယ်။ ကျနော်တို့ဘက်ကတော့ ထိခိုက်မှုမရှိပါဘူး” လို့ ဆိုပါတယ်။

အလားတူ ညနေ ၃ နာရီ မိနစ် ၅၀ လောက်မှာလည်း မုံရွာကနေ စစ်ကိုင်းဘက်ကို တက်လာတဲ့ စစ်ကားအစီး ၃၀ ကို အဲ့ဒီနေရာမှာပဲ ပဒေသာမိုင်း ၅ လုံးနဲ့ ထပ်မံမိုင်းဆွဲခဲ့တယ်လို့ ဆိုပါတယ်။

ဒီတိုက်ခိုက်မှုတွေအတွင်း စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေရှိခဲ့ပေမယ့် မြေလတ်အသံက သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

ညနေ ၆ နာရီလောက်အထိ အဲ့ဒီလမ်းပိုင်းမှာ စစ်ကောင်စီယာဉ်တန်းတွေက အဆက်မပြတ် ဖြတ်သန်းသွားလာနေပေမဲ့လည်း ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေအနေနဲ့ အလှူငွေရရှိမှု နည်းပါးတဲ့အပြင်၊ မိုင်းကုန်ကြမ်းတွေ နည်းပါးလာတဲ့အတွက် ထပ်မံတိုက်ခိုက်ဖို့ကို ရပ်ဆိုင်းလိုက်ရတယ်လို့ ဆိုပါတယ်။

ဒီတိုက်ခိုက်မှုကို People’s Army To Fight Dictatorship (PAFD).တပ်ခွဲ DK PDF(MMU)၊ People’s Knight Defense Force Myinmu (PKDF.MMU)၊ မြင်းမူမြို့တိုက်နယ်အနောက်ခြမ်း ပ က ဖ၊ TAUNGTHA People Defense Force (TTAPDF)၊ D.B.B.F.MMU မဟာမိတ်အဖွဲ့တွေက ပူးပေါင်းလုပ်ဆောင်ခဲ့တာလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၃ ရက်ကလည်း စစ်ကိုင်းကနေ မုံရွာဘက်ကိုတက်သွား‌တဲ့ စစ်ကောင်စီယာဉ်တန်း ၁၃ စီးကို မြင်းမူမြို့နဲ့ ဝမ်းပြည့်ကျေးရွာကြားမှာပဲ မိုင်းဆွဲတိုက်ခိုက်ခဲ့လို့ စစ်သား ၂ ဦး သေဆုံးခဲ့တယ်လို့လည်း သိရပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။