myaelatt athan

Sharing Information to the Local

စည်ပင်ခွန်တွေ အဆမတန် တိုးတောင်းနေတဲ့ ကလေးမြို့နယ်စည်ပင်ရုံး ကျည်ဆံနဲ့အတူ သတိပေးစာအပို့ခံရ

0 1
0 1

ကလေး၊ မတ် ၉၊ ၂၀၂၃။

စစ်ကိုင်းတိုင်း(အထက်ပိုင်း)၊ ကလေးမြို့၊ မြို့နယ်စည်ပင်ရုံးဟာ အခွန်တွေ အဆမတန် တိုးတောင်းနေတဲ့အပြင် သာမာန်လက်လုပ်လက်စားဈေးသည်တွေကို ဖမ်းဆီးတာတွေ လုပ်ဆောင်နေလို့ သတိပေးစာပို့ခဲ့တယ်လို့ သိရပါတယ်။

ကလေးမြို့နယ်အတွင်း စစ်တပ်ခေါ်ပြီး လက်နက်အားကိုးနဲ့ အတင်းအဓမ္မ အခွန်ကောက်ခံနေလို့ မတ်လ ၇ ရက်နေ့ မနက် ၁၀ နာရီခွဲလောက်က စည်ပင်ဝန်ထမ်းတွေကနေတဆင့် သတိပေးစာနဲ့အတူ ၇.၆၂ မမ၊ ၅.၅၆ မမ၊ ၉ မမ ကျည်တွေနဲ့အတူ Special Under Ground(SUG) အဖွဲ့က သတိပေးစာ ပေးပို့ခဲ့တယ်လို့ ဆိုပါတယ်။

“မြို့မဈေးမှာ အသားလိုင်စင်တွေက သိန်းထောင်ချီ ဈေးပေါက်တော့ အသားရောင်းတဲ့ ဈေးသည်တွေဆီကနေ မရရအောင် အခွန်ကောက်တယ်။ စျေးက အသားသည် ကောင်မလေးတွေကို အခွန်မဆောင်လို့ဆိုပြီး စည်ပင်က စစ်တပ်ခေါ်ပြီး လက်နက်အပြည့်အစုံနဲ့ ဝင်ဖမ်းသွားတာ။ ၉ ယောက်လောက် အဖမ်းခံထားရတယ်။ ၃ယောက်ကတော့ မနေ့က အလုပ်ကြမ်းနဲ့ထောင် ၃ နှစ်ချလိုက်ပြီ။ သာမာန်လက်လုပ်လက်စားဈေးသည်တွေ” လို့ ကလေးမြို့ဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။

ကလေးမြို့မှာ ဗိုလ်ချုပ်လမ်းမပေါ်ကလွဲရင် အမှိုက်ကားတွေမလာလို့ ရပ်ကွက်နေပြည်သူတွေက ကိုယ့်အစီစဉ်နဲ့ ကိုယ်အမှိုက်တွေ ပစ်နေရပြီး၊ မီးလောင်ရင်လည်း မီးသတ်ကားတွေ မလာဖို့ စည်ပင်ဦးစီးက ပိတ်ပင်ထားတယ်လို့ ဆိုပါတယ်။

အသားလိုင်စင်တွေကလည်း ဈေးအဆမတန်များနေတဲ့အတွက် ဈေးသည်အများစုဟာ အခွန်ဆောင်နိုင်ခြင်း မရှိဘဲ၊ လိုင်စင်မဲ့ဈေးရောင်းမှုနဲ့ အဖမ်းခံနေရတာတွေ ရှိတယ်လို့ သိရပါတယ်။

စာတည်း – ရင်ငြိမ်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။