စစ်ကောင်စီကိုယ်စားပြု ယာယီသမ္မတ ဦးမြင့်ဆွေရဲ့ နာရေးပို့ဆောင်မှုမြင်ကွင်း (Photo News)

0 31
0 31

မြေလတ်အသံ၊ ဩဂုတ် ၁၁၊ ၂၀၂၅။

စစ်ကောင်စီက ခန့်အပ်ထားတဲ့ ယာယီသမ္မတ ဦးမြင့်ဆွေရဲ့ ရုပ်ကလာပ်ကို ဒီကနေ့ ဩဂုတ် ၁၁ ရက်မှာ နေပြည်တော် စစ်သင်္ချိုင်းကို ပို့ဆောင်သင်္ဂြိုဟ်ခဲ့တယ်လို့ သိရပါတယ်။

အာဏာသိမ်းကာလ ၂၀၂၁ ကနေစပြီး ယာယီသမ္မတအဖြစ် တာဝန်ယူခဲ့တဲ့ ဦးမြင့်ဆွေဟာ ဩဂုတ် ၇ ရက် မနက်ပိုင်းမှာ ကွယ်လွန်ခဲ့တာပါ။

ဦးမြင့်ဆွေဟာ စစ်ကောင်စီတပ်ကနေ ဒုတိယဗိုလ်ချုပ်ကြီးအဆင့်နဲ့ အငြိမ်းစားယူခဲ့ပြီးနောက် ၂၀၁၁ ကနေ ၂၀၁၆ အထိ ရန်ကုန်တိုင်းဝန်ကြီးချုပ်၊ ၂၀၁၆ ကနေ ၂၀၂၀ အထိ ဒုသမ္မတ စတဲ့ရာထူးတွေကို ရယူခဲ့သူလည်းဖြစ်ပါတယ်။

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။