myaelatt athan

Sharing Information to the Local

စစ်အုပ်စုရဲ့ ဖမ်းဆီးသတ်ဖြတ်ခံ ပြည်သူတွေနဲ့ ကျဆုံးရဲဘော်တွေအတွက် NUG က ငွေကြေးထောက်ပံ့

ပုလဲ၊ မတ် ၇၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်ထဲမှာ စစ်ကောင်စီတပ်တွေရဲ့ ဖမ်းဆီးသတ်ဖြတ်တာကို ခံခဲ့ရသူတွေနဲ့ တိုက်ပွဲတွင်း ကျဆုံးရဲဘော်တွေအတွက် အမျိုးသားညီညွတ်ရေးအစိုးရ – NUG၊ လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက ထောက်ပံ့တဲ့ငွေကို ပုလဲမြို့နယ် လူသားစာနာအဖွဲ့ကတဆင့် သွားရောက်ထောက်ပံ့လှူဒါန်းပေးခဲ့တယ်လို့ သိရပါတယ်။

မတ်လ ၇ ရက် ဒီမနက်ပိုင်းမှာ သွားရောက်လှူဒါန်းခဲ့တာလို့ ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်လည်းဖြစ် လူသားစာနာအဖွဲ့ရဲ့တာဝန်ခံလည်းဖြစ်သူ ကိုဇော်ထွန်းက ပြောပါတယ်။

“NUG က ထောက်ပံ့ဖို့ပေးတာကြောင့် သွားထောက်ပံ့ပေးတာ။ ကျဆုံး ၁ ဦးကို ၁ သိန်းနှုန်းထောက်ပံ့ပေးပြီး ဒဏ်ရာရသူ ၁ ဦး ကို ၅ သောင်းနှုန်းထောက်ပံ့ပေးခဲ့တယ်” လို့ ပြောပါတယ်။

ပုလဲမြို့နယ်အခြေစိုက် တပ်ရင်း ၈ နဲ့ တပ်ရင်း ၇ က ဒဏ်ရာရရဲဘော်တွေအပါအဝင် ဖမ်းဆီးအသတ်ခံရတဲ့ အရပ်သားပြည်သူ ၅ ဦး၊ ဒဏ်ရာရရဲဘော် ၅ ဦးနဲ့ ကျဆုံးရဲဘော် ၅ ဦးတို့အတွက် သက်ဆိုင်ရာ မိသားစုဝင်တွေဆီကို သွားရောက်ထောက်ပံ့ပေးခဲ့တာလို့လည်း ဆိုပါတယ်။

လက်ရှိ ပုလဲမြို့နယ်ထဲမှာ ၂ နှစ်တာကာလအတွင်း စစ်ကောင်စီတပ်တွေရဲ့ တိုက်ခိုက်မှုအပြင် လက်နက်ထုတ်လုပ်ရင်း ကျဆုံးခဲ့ရတဲ့ ရဲဘော် ၈၀ ဦးဝန်းကျင် ရှိပြီး၊ စစ်ကောင်စီတပ်တွေရဲ့ ဖမ်းဆီးသတ်ဖြတ်ခြင်းကို ခံရသူ အရပ်သား ၇၈ ဦးခန့် ရှိပြီလို့ သိရပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။