myaelatt athan

Sharing Information to the Local

ဝက်လက်မှာ ပြုလုပ်ခဲ့တဲ့ ၈၈၈၈ အရေးတော်ပုံအထိမ်းအမှတ်အခမ်းအနား

0 18
0 18

ဝက်လက်၊ ဩဂုတ် ၉၊ ၂၀၂၅။

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်မှာ ဝက်လက်မြို့နယ်ကျောင်းသားများသမဂ္ဂက ဦးဆောင်ပြီး ၃၇ နှစ်မြောက် ၈၈၈၈ လူထုအရေးတော်ပုံအထိမ်းအမှတ် အခမ်းအနားပြုလုပ်ခဲ့တယ်လို့ ဝက်လက်မြို့နယ်ကျောင်းသားသမဂ္ဂဥက္ကဌ ကိုဟန်မင်းစိုးက မြေလတ်အသံကို ပြောပါတယ်။

အခမ်းအနားကို ဝက်လက်မြို့နယ်ကျောင်းသားမျာရသမဂ္ဂ (ဗကသများအဖွဲ့အချုပ်)၊ ဝက်လက်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဝက်လက်မြို့နယ် ပကဖ၊ ဝက်လက်မြို့နယ် ပအဖ၊ ကျန်းမာရေးဌာန၊ CDM အစုအဖွဲ့တွေ၊ လူငယ်လွတ်မြောက်ရေးတပ်ဖွဲ့ – YLA နဲ့ ဝက်လက်မြို့နယ် သပိတ်ဦးဆောင်ကော်မတီတို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။

“ပူးပေါင်းလုပ်ဆောင်ခဲ့တာက ဝက်လက်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကရယ်၊ ကျနော်တို့ မြို့နယ်ပကဖ၊ မြို့နယ် ပအဖ၊ ကျနော်တို့ ကျန်းမာရေးဌာနရယ်၊ CDM အစုအဖွဲ့တွေရယ်၊ နောက်ပြီးတော့ လူငယ်လွတ်မြောက်ရေးတပ်ဖွဲ့ – YLA ရယ်၊ သပိတ်ဦးဆောင်ကော်မတီရယ် ဒါတွေနဲ့ ကျနော်တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာပါ။”လို့ ဝက်လက်မြို့နယ်ကျောင်းသားသမဂ္ဂဥက္ကဌ ကိုဟန်မင်းစိုးက မြေလတ်အသံကို ပြောပါတယ်။

လူထုအင်အား ၁၀၀ နီးပါးတက်ရောက်ခဲ့ပြီး အခမ်းအနားကို အစီအစဉ် ၇ ခုနဲ့ ပြုလုပ်ခဲ့ပြီး မြို့နယ်သမဂ္ဂကလည်း မိန့်ခွန်းပြောခဲ့တယ်လို့ ဆိုပါတယ်။

“ကျနော်တို့ အခမ်းအနားအစီအစဉ် ၇ ရပ်နဲ့ လုပ်ခဲ့တာပါ၊ ကျနော်တို့ ဗကသများအဖွဲ့ချုပ်က ပေးပို့တဲ့ သဝဏ်လွှာ ဖတ်ကြားခြင်းအစီအစဉ်ပါတယ်၊ ကျနော်တို့ မြို့နယ်သမဂ္ဂက ရဲဘော်တွေ မိန့်ခွန်းပြောတဲ့ အစီအစဉ််ပါတယ်၊ ပြီးတော့ ကျနော်တို့ မဟာမိတ်အဖွဲ့အစည်းတွေကနေ အမှတ်တရစကား ပြောကြားတဲ့ အစီအစဉ်တွေပါတယ်၊ ပြီးတော့ ကျနော်တို့ ကမ္ဘာမကြေဘူးသီချင်းနဲ့ အခမ်းအနားကို ပိတ်သိမ်းခဲ့တာပါ။”လို့ ကိုဟန်မင်းစိုးက ပြောပါတယ်။

ဒီအခမ်းအနားမှာပဲ ဝက်လက်မြို့နယ်ကျောင်းသားများသမဂ္ဂအနေနဲ့ ပြည်သူလူထုရဲ့တင်ပြချက်တွေကို ချက်ချင်းတုံ့ပြန် ဆောင်ရွက်ပေးဖို့၊ ချက်ချင်းတုံ့ပြန်ဆောင်ရွက်ဖို့ ပျက်ကွက်ခဲ့ရင်လည်း ပျက်ကွက်သူတွေကို ပထမအဆင့်သတိပေးရေး၊ ဒုတိယအဆင့် စစ်ဆေးအပြစ်ပေးရေး၊ ကျောင်းသားသမဂ္ဂ လွတ်လပ်စွာဖွဲ့စည်းတည်ရှိခွင့်ကို အာမခံပေးရေး၊ တော်လှန်ရေးကာလ ပညာရေးစနစ်သစ် တည်ဆောက်တဲ့နေရာမှာ အားတက်သရောပါ၀င်နေတဲ့ သမဂ္ဂကျောင်းသားတိုင်းကို အကာအကွယ်ပေးရေး တို့ကိုပါ NUG အပါအဝင် အာဏာလက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတွေကို တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။