စစ်တပ်က မီးရှို့ခဲ့တဲ့ရွာကို PDF က ရှင်းလင်းရေး လုပ်ပေး

ဝက်လက်၊ မတ် ၄၊ ၂၀၂၃။

စစ်ကောင်စီတပ်သားတွေ မီးရှို့ဖျက်ဆီးခဲ့တဲ့ စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်က မုဆိုးခြုံဘူတာရွာကို ဒေသခံကာကွယ်ရေးတပ်တွေက မတ်လ ၂ ရက်နဲ့ ၃ ရက်မှာ သန့်ရှင်းရေးလုပ်အားပေးခဲ့ကြပါတယ်။

အဲ့ဒီကျေးရွာက ဒေသခံတွေအနေနဲ့ လုပ်အားလိုအပ်ချက်တွေ ရှိနေတဲ့အပြင် မတော်တဆ ထိခိုက်မှုတွေလည်း မဖြစ်စေချင်တဲ့အတွက် ကာကွယ်ရေးရဲဘော် ၃၀ ဦး ဝန်းကျင်က ကူညီရှင်းလင်းပေးခဲ့တာလို့ ဆိုပါတယ်။

“မီးလောင်သွပ်တွေ၊ သစ်တိုသစ်စတွေနဲ့ မီးလောင်ကျွမ်းပျက်စီးသွားတဲ့ ပစ္စည်းတွေ၊ ပြာတွေကို မီးဘေးသင့်ပြည်သူတွေရဲ့ ဆန္ဒအတိုင်း ရှင်းလင်းပေးခဲ့သလို မီးလောင်ခံထားရတဲ့ အုတ်တိုက်တွေကိုလည်း ဖြိုဖျက်ပေးခဲ့ရတာတွေ၊ အိမ်တိုင်တွေ ချွတ်ပြီး စုပုံပေးရတာတွေလည်း ရှိတယ်” လို့ EAgle Guerrilla Force ရဲ့ တပ်ရင်းမှူး ဗိုလ်ကောက်ရိုးက ပြောပါတယ်။

မုဆိုးခြုံဘူတာရွာကို စစ်ကောင်စီတပ်သားတွေက မတ်လ ၁ ရက်မှာ စစ်ကြောင်းထိုး မီးရှို့ခဲ့တာကြောင့် နေအိမ် ၅၂ လုံး မီးလောင်ပျက်စီးခဲ့တာလည်း ဖြစ်ပါတယ်။

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။