myaelatt athan

Sharing Information to the Local

လောင်းကစားဝိုင်းမှာ ကစားနေတဲ့ ရဲတပ်ကြပ်တဦး ဓားထိုးခံရ

မိုးညို၊ မတ် ၄၊ ၂၀၂၃။

ပဲခူးတိုင်း၊ မိုးညိုမြို့နယ်၊ အိုးဖိုကျွန်းအုပ်စု၊ အောင်ရတနာရပ်ကွက်က ဂျင်ဝိုင်းထဲ ဝင်ကစားနေတဲ့ ရဲတပ်ကြပ်တဦး မတ်လ ၂ ရက်နေ့ နေ့လည်အချိန်မှာ ဓားထိုးခံရတာကြောင့် ဆေးကုသမှု ခံယူနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဓားထိုးခံရသူမှာ အိုးဖိုကျွန်းကျေးရွာအုပ်စုနဲ့ ၅ မိုင်ခန့်ဝေးတဲ့ ရေကင်းရဲစခန်းမှ တပ်ကြပ်ဆန်းမင်းအောင် ဖြစ်ပြီး၊ သူနဲ့အတူ ကစားနေတဲ့ ဦးညီညီထွဋ်နဲ့ သားဖြစ်သူက ဓားနဲ့ထိုးခဲ့တာ ဖြစ်တယ်လို့ ရွာခံမျက်မြင် အမျိုးသားတဦးက ပြောပါတယ်။

“ရဲတပ်ကြပ်က ဒီဂျင်ဝိုင်းမှာ အမြဲတမ်းလာရောက် ကစားတယ်ဗျ။ အဲနေ့က ကစားနေရင်း စကားအချေအတင် ပြောကြရာကနေ ဓားနဲ့ထိုးခံရတာ။ ဒဏ်ရာကတော့ ဝမ်းမှာ တချက်ရသွားတယ်။ ပြည်ဆေးရုံမှာ ဆေးကုသမှု ခံယူနေရတယ်လို့ သိရတယ်” လို့ ဆိုပါတယ်။

တပ်ကြပ်ကို ဓားထိုးနဲ့ထိုးတဲ့ ဦးညီညီထွဋ်နဲ့သားဖြစ်သူမှာ ဖမ်းဆီးမခံရဘဲ လက်ရှိအချိန်ထိ ရေကင်းရဲစခန်းနဲ့ ညှိနှိုင်းနေကြဆဲဖြစ်တယ်လို့ အထက်ပါအမျိုးသားက ပြောပါတယ်။

“ဓားထိုးသူတွေကို ရဲက မဖမ်းဘူးဗျ။ ပိုက်ဆံပေး ညှိနှိုင်းနေကြတုန်း။ ရဲတွေကလည်း လောင်းကစားဝိုင်းက လစဥ်ကြေးရနေတော့ ဘာမှ အားနဲ့မလုပ်ဘူးဗျ။ ဓားထိုးခံရတာကို အထက်လူကြီးတွေကိုလည်း မတင်ပြထားဘူးလို့ သိရတယ်။ လူကြီးတွေသိရင် ဂျင်ဝိုင်းက အပိတ်ခံရတာပေါ့” လို့ ဆိုပါတယ်။

အဆိုပါ ဂျင်ဝိုင်းဒိုင်ရှင်တို့မှာ ဦးမျိုးမြင့်သူ၊ ဦးစိန်ဝင်း၊ ဦးထွန်းနိူင်တို့ ၃ ဦး ဖြစ်ပြီး၊ ကစားဝိုင်းကို တပတ်မှာ ဗုဒ္ဓဟူးနဲ့ကြာသပတေး ၂ ရက်သာ ဖွင့်ကစားခွင့်ရထားတာ ဖြစ်တယ်လို့ သိရပါတယ်။

ဒီဂျင်ဝိုင်းကို ဖွင့်ခွင့်ရဖို့အတွက်လည်း ဒိုင်ပိုင်ရှင် ဖြစ်သူတွေက ရပ်ကွက်အုပ်ချုပ်ရေးမှူးကို ၅ သောင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ မြို့နယ်ဗိုလ်မှူးတို့ကို ၁ သိန်းခွဲ၊ စရဖ ကို ၂ သိန်းခွဲ၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးနဲ့ ရေကင်းရဲစခန်းကို ၆ သိန်း စတဲ့ ငွေကြေးတွေ ပေးဆောင်ထားရတယ်လို့ သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။