myaelatt athan

Sharing Information to the Local

အမြန်လမ်းမှာ ခရီးသည်တင်ကား တိမ်းမှောက်လို့ ၅ ဦးသေဆုံး၊ ၂၅ ဦးကျော် ဒဏ်ရာရ

ရေတာရှည်၊ မတ် ၄၊ ၂၀၂၃။

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၁၆၇ အနီးမှာ ခရီးသည်တင်ကား ၁ စီး အရှိန်လွန် တိမ်းမှောက်လို့ ကားပေါ်လိုက်ပါလာတဲ့ခရီးသည် ၅ ဦး သေဆုံးကာ ၂၅ ဦးကျော် ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

မတ်လ ၃ ရက် မနေ့ညနေပိုင်းက တောင်ကြီးမြို့ကနေ မြ၀တီမြို့ကို ထွက်ခွာလာတဲ့ ဒို့ညီနောင် ခရီးသည်တင်ယာဉ်ဟာ မတ်လ ၄ ရက်နေ့ ဒီကနေ့ မနက်အစော ၅ နာရီခန့် အမြန်လမ်းမိုင်တိုင် ၁၆၇ အနီးအရောက်မှာ အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်ခဲ့တာလို့ ဒေသအခြေစိုက် လူမှုကူညီရေးအသင်းဝင် တဦးက မြေလတ်အသံကို ပြောပါတယ်။

“ကားက အရှိန်လွန်ပြီး တိမ်းမှောက်တာ ဖြစ်နိုင်တယ်။ လေအိတ်လည်း ပေါက်နေတယ်။ ကားမှောက်တဲ့အချိန် အပြင်ထွက်ကျပြီး သေဆုံးတာတွေလည်း ရှိတယ်။ ပြီးတော့ ကားထဲညှပ်နေတဲ့သူတွေ အော်နေတဲ့သူတွေ တော်တော်များတယ်” လို့ သူက ပြောပါတယ်။

ကားတိမ်းမှောက်တာကြောင့် ကားပေါ်ပါ ခရီးသည်တွေထဲက ၅ ဦးဟာ နေရာမှာ သေဆုံးပြီး ၂၅ ဦးကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ထိခိုက်သေဆုံး ဒဏ်ရာရသူတွေကိုတော့ ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေ ဆောင်ရွက်ပေးကာ ဆွာမြို့ဆေးရုံကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။

မတ်လ ၁ ရက်နေ့ နေ့လည်ပိုင်းကလည်း ဖြူးမြို့နယ် ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင် ၁၀၇ အနီးမှာ ကလေးငယ် ၁ ဦး အပါအဝင် ၇ ဦး လိုက်ပါလာတဲ့ Suzuki Carry (အဖြူရောင်) အိမ်စီးကား အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်သွားခဲ့ရာ ၂ ဦး ဒဏ်ရာရခဲ့သေးတယ်လို့ သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။