မြင်းမူက စစ်ကောင်စီစစ်ကြောင်း မိုင်းခွဲခံရပြီး ၃ ဦးခန့် သေဆုံးဟုဆို

0 4
0 4

မြင်းမူ၊ မတ် ၃၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့ကနေလာတဲ့ စစ်ကောင်စီစစ်ကြောင်းကို မြင်းမူမြို့နဲ့ ပုလဲတန်ရွာကြားမှာ မိုင်းဖောက်ခွဲတိုက်ခိုက်ခံရလို့ စစ်သား ၃ ဦး သေဆုံးပြီး ၄ ဦး ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ Dog Killers People’s Defence Force Myinmu တပ်ဖွဲ့က မတ်လ ၂ ရက် မနေ့က သတင်းထုတ်ပြန်လာပါတယ်။

အင်အား ၆၀ နီးပါးရှိတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၈ ရက်မှာ အထူးပြုလုပ်ထားတဲ့ မိုင်းဘီးလူးအမည်ရှိ မိုင်းအမျိုးအစားနဲ့ တိုက်ခိုက်ခဲ့တာလို့ Dog Killers People’s Defence Force Myinmu တပ်ဖွဲ့မှ တာဝန်ရှိက မြေလတ်အသံကို ပြောပါတယ်။

“အဲဒီစခတွေက မြင်းမူမြို့နယ်ထဲမှာရှိတဲ့ ရွာသားတွေကို သတ်ဖြတ်တာတွေ၊ မုဒိမ်းကျင့်တာတွေလုပ်ပြီး စစ်ကြောင်းထွက်လာတာပါ။ ကျနော်တို့ကလည်း စစ်ကြောင်းထိုးလာတဲ့ *တွေကို အထူးထုတ် မိုင်းဘီးလူးကြီးတလုံးနဲ့ ဖောက်ခွဲခဲ့တာ။ သူတို့ဘက်က သေဆုံးသွားတဲ့သူ ဒဏ်ရာရသွားတဲ့သူတွေကို ထမ်းလာတာကို ကျနော်တို့မျက်စိနဲ့ မြင်တွေ့ခဲ့ပါတယ်” လို့ ဆိုပါတယ်။

ဒီစစ်ဆင်ရေးကို People’s Army To Fight Dictatorship(PAFD).တပ်ခွဲ DK PDF(MMU)၊ People’s Knight Defense Force Myinmu (PKDF.MMU)၊ မြင်းမူမြို့တိုက်နယ် အနောက်ခြမ်း ပ က ဖ၊ D.B.B.F.MMU မဟာမိတ်အဖွဲ့တွေက ပူးပေါင်းလုပ်ဆောင်ခဲ့တာလည်း ဖြစ်ပါတယ်။

မိုင်းဆွဲပြီးတဲ့နောက်မှာ စစ်ကောင်စီဘက်က လက်နက်ကြီး၊ လက်နက်ငယ်၊ စက်သေနတ်တွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

ပစ်ခတ်မှုကို ဖေဖော်ဝါရီ ၂၈ ရက်မှာ ပြုလုပ်ခဲ့ပေမယ့် နယ်မြေအခြေအနေကြောင့် သတင်းထုတ်ပြန်မှုကို နောက်ဆုတ်လိုက်ရတာလို့လည်း အထက်ပါတာဝန်ရှိသူက ပြောပါတယ်။

တိုက်ခိုက်မှုအတွင်း စစ်သား ၃ ဦး သေဆုံးခဲ့တယ်လို့ မြေပြင်တိုက်ခိုက်ရေးရဲဘော်တွေက ပြောပေမယ့် မြေလတ်အသံက သီးခြားအတည်မပြုနိုင်သေးပါဘူး။

အလားတူ ဖေဖော်ဝါရီလ ၂၇ ရက်ကလည်း DK PDF တပ်ဖွဲ့ဟာ မြင်းမူမြို့၊ စီးပွားရေးဘဏ်မှာ အထိုင်ချတပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို လက်နက်ငယ်တွေနဲ့ သွားရောက်ပစ်ခတ်ခဲ့ပါသေးတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။