ရေစကြိုမှာ လက်နက်ကြီးထိလို့ ၂ နှစ်အရွယ်ကလေး ၁ ဦးသေဆုံး

ရေစကြို၊ ဩဂုတ် ၆၊ ၂၀၂၅။

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ဖြုံဘူးကျေးရွာကို စစ်ကောင်စီတပ်ကပစ်ခတ်တဲ့ လက်နက်ကြီးကျည် ထိမှန်ပြီး အသက် ၂ နှစ် အရွယ် ကလေး ၁ ဦးသေဆုံးခဲ့တယ်လို့ ရေစကြိုမြို့ မြို့ခံတွေဆီက သိရပါတယ်။

ဩဂုတ် ၄ ရက် မနက် ၁၀ နာရီဝန်းကျင်မှာ ရေစကြိုအခြေစိုက် ခလရ ၂၅၆ တပ်ကပစ်ခတ်တဲ့ ၈၀ မမ လက်နက်ကြီးကျည်တွေက ဖြုံဘူးကျေးရွာကိုကျရောက်ပေါက်ကွဲချိန် ထိမှန်သေဆုံးခဲ့ကြတာလို့ ဆိုပါတယ်။

“အားလုံးပေါင်း ၁၇ လုံးပစ်တာ၊ တနေကုန်ပဲ၊ မနက် ၁၀ နာရီလောက်က ခလရ ၂၅၆ ကနေပြီးတော့ အနောက်ဘက်ကို ၃ လုံးပစ်တာ၊ အထိအခိုက်တော့မရှိပါဘူး၊ နေ့လယ် ၁၂ နာရီလောက်ကြတော့ ရေလယ်ကျွန်းဘက်ကို လှမ်းပစ်တာ ဖြုံဘူးရွာထဲကျတဲ့အချိန်မှာ ကလေး ၁ ဦးကတော့ ဆေးကုသမှုခံယူပြီး ဆုံးသွားတယ်၊” လို့ ရေစကြိုမြို့ခံတဦးက ပြောပါတယ်။

ဒီပစ်ခတ်မှုကြောင့် အသက် ၂ နှစ် အရွယ် ယောကျ်ားလေး ၁ ဦး သေဆုံးပြီး အသက် ၆၀ နှစ် အရွယ်ဦးဝင်းကြည်ကတော့ ဒဏ်ရာပြင်းပြင်းထန်ထန်ရခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အဲ့ဒီနေ့ ည ၁၁ နာရီခွဲလောက်မှာ ရေစကြိုမြို့အနောက်ဘက်အခြမ်းကို ၉ လုံး ထပ်မံ ပစ်ခတ်ခဲ့ပြီး ဒီပစ်ခတ်မှုမှာတော့ အထိအခိုက်မရှိခဲ့ဘူးလို့ ရေစကြိုမြို့ခံတဦးက ပြောပါတယ်။

ဖြုံဘူးကျေးရွာဟာ လူဦးရေ ၆၀၀ လောက်ရှိပြီး ဩဂုတ် ၃ ရက်ကစလို့ တရွာလုံး ရွာကနေတိမ်းရှောင်နေရတာလို့ သိရပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။