myaelatt athan

Sharing Information to the Local

ပန်းတောင်းမှာ စိတ်ကြွရူးသွပ်ဆေးပြား WY ၂ သန်း ဖမ်းဆီးရမိဟု CCDAC-Myanmar ထုတ်ပြန်

0 52
0 52

မြေလတ်အသံ၊ သြဂုတ် ၄၊ ၂၀၂၅။

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်မှာ စိတ်ကြွရူးသွပ်ဆေးပြား ၂ သန်းကို ဖမ်းဆီးရမိခဲ့တယ်လို့ သြဂုတ် ၃ ရက်မှာ မူးယစ်ဆေးဝါးအလွဲသုံးမှုထိန်းချုပ်ရေးဗဟိုကော်မတီ (CCDAC-Myanmar) က ထုတ်ပြန်ပါတယ်။

ငွေကျပ် ၃ ဘီလီယံတန်ဖိုးရှိတဲ့ အဆိုပါ YW ဆေးပြား ၂ သန်းကို ကြံခင်းမြို့ကနေတဆင့် ပန်းတောင်းမြို့ကို သယ်ဆောင်လာချိန် ပုသိမ်-မုံရွာလမ်း၊ ရေကျော်ကျေးရွာလမ်းဆုံအနီးမှာ ဇူလိုင် ၂၁ ရက်ည ၉ နာရီကျော်ကဖမ်းဆီးရမိခဲ့တာလို့ ဆိုပါတယ်။

အဆိုပါမူးယစ်ဆေးတွေကို တာဝန်ခံသယ်ယူပေးသူ ကျော်ကျော်ဝင်း၊ ပူးပေါင်းပါဝင်သူ ခင်မောင်လွင်နဲ့ မြတ်မင်းတို့ ၃ ဦးကိုပါ ဖမ်းဆီးရရှိထားတယ်လို့ ထုတ်ပြန်ထားပါတယ်။

စစ်ဆေးပေါ်ပေါက်ချက်အရ အထက်ပါစိတ်ကြွရူးသွပ်ဆေးပြားတွေဟာ ရန်ကုန်မှ ရခိုင်ပြည်နယ်ကို သယ်ဆောင်ရောင်းဝယ်သူ တင်အောင်မိုးရဲ့ အစီအမံနဲ့ ပန်းတောင်းမြို့နယ်နဲ့ မင်းတုန်းမြို့နယ်ကြားရှိ နယ်စပ်ကို တာဝန်ခံသယ်ဆောင်သူ ကျော်ကျော်ဝင်းထံ လွှဲအပ်ခဲ့ပြီးနောက် ရန်ကုန်မှကြံခင်းမြို့ကို မော်တော်ယာဉ်နဲ့ သယ်ဆောင်ခဲ့တာလို့သိရပါတယ်။

ဆက်လက်ပြီး အဲဒီဆေးပြားတွေကို ကြံခင်းမှတဆင့် ပန်းတောင်းမြို့ကို LIFAN ယာဉ်ပိုင်ရှင် စိုးမင်း နဲ့ ယာဉ်မောင်း တင့်ဆွေ တို့ပ ဆက်လက်သယ် ဆောင်ခဲ့ကြပြီး ပန်းတောင်းမြို့နယ်မှတဆင့် ရခိုင်ပြည်နယ်ကို ဆက်လက်သယ်ဆောင်မှာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့၂၀၂၄၊ ဇွန် ၁၆ ရက်ကလည်း တန် ဖိုးငွေကျပ် ၁ ဒသမ ၇၄ ဘီလီယံတန်ဖိုးရှိတဲ့ စိတ်ကြွရူးသွပ်ဆေးပြားပေါင်း ၁၁ ဒသမ ၆ သိန်း ကို ပန်းတောင်းမြို့နယ်၊ ရွှေပြည်သာကျေးရွာမှာ စစ်ကောင်စီဘက်က ဖမ်းဆီးရမိခဲ့တယ်လို့သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။