myaelatt athan

Sharing Information to the Local

ဂန့်ဂေါမှာ ဒေသခံ ၁၀ ဦးကို စစ်ကောင်စီတပ်တွေ ဖမ်းဆီး

0 23
0 23

ဂန့်ဂေါ၊ သြဂုတ် ၄၊ ၂၀၂၅။

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ် ကျေးရွာ ၂ ရွာက ဒေသခံပြည်သူ ၁၀ ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက စစ်ကြောင်းထိုးဝင်ရောက်ကာ ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ ယောအလင်းတန်းအဖွဲ့မှ ကိုဘကောင်းဆီက သိရပါတယ်။

သြဂုတ် ၄ ရက် ဒီနေ့မနက် ၃ နာရီလောက်က ဂန့်ဂေါမြို့နယ်၊ ရှုံးရှီရွာနဲ့ အနောက်ဂန့်ဂေါရွာ ၂ ရွာကို ခလရ ၅၀ က ထွက်ခွာလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ရှောက်ပင်ရွာမှာ ကင်းချထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေပူးပေါင်းပြီး စစ်ကြောင်းထိုးဝင်ရောက်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါကျေးရွာ ၂ ရွာကို လက်နက်ငယ်တွေနဲ့ ပစ်ခတ်ဝင်ရောက်ပြီးနောက် ပြည်သူ ၁၂ ဦးကို ဖမ်းဆီးကာ အဲ့ဒီထဲက အမျိုးသမီး ၂ ဦးကို ပြန်လည်လွှတ်ပေးခဲ့ပြီး ကျန် ၁၀ ဦးကိုတော့ ဖမ်းဆီးသွားခဲ့တယ်လို့ ဆိုပါတယ်။

“အဲ့ရွာ ၂ ရွာက အိမ်တွေပါ ဆက်နေတာဗျ။ သေနတ်တွေပစ်ပြီး ဝင်လာတုန်း ပြေးဖို့လုပ်တဲ့သူတွေကို ဖမ်းခေါ်သွားတယ် ကြားတယ်။ စစ်မှုထမ်းဖို့ ဖမ်းတာမျိုးတော့ မဟုတ်ဘူး။ ခုချိန်မှာ ကျားမ အရေအတွက်ကို ကျနော်တို့ဘက်က အတည်မပြုနိုင်သေးဘူးဗျ။ ဖုန်းလိုင်းအခက်ခဲကြောင့် ဘာမှ မသိရသေးတာဗျ။”လို့ ယောအလင်းတန်း ကိုဘကောင်းက မြေလတ်အသံကို ပြောပါတယ်။

ဒီမနက် ၆ နာရီခွဲလောက်မှာတော့ စစ်ကြောင်း ၂ ကြောင်းခွဲပြီး ကျေးရွာတွေကပြန်ဆုတ်ခွာသွားရာ ဖမ်းဆီးသွားသူတွေထဲက အမျိုးသမီး ၂ ဦးကို We love GanGaw ဆိုင်းဘုတ်အနီးက တံတားထိပ်မှာ ပြန်လည်လွှတ်ပေးခဲ့တယ်လို့ သူကဆက်ပြောပါတယ်။

“စစ်ကြောင်းက ၂ ကြောင်းခွဲ ဆုတ်သွားတာ။ ၁ ကြောင်းက ရှောက်ပင်ရွာထဲ ပြန်ဆုတ်သွားတယ်။ ၁ ကြောင်းကတော့ ခလရ ၅၀ ထဲက စစ်သားတွေဆိုတော့ စစ်ကား ၃ စီးနဲ့ We love GanGaw တံတားထိပ်မှာ လာကြိုသွားတယ်။”လို့ ကိုဘကောင်းက ပြောပါတယ်။

ကျန်ရှိတဲ့ ပြည်သူ ၁၀ ဦးကိုတော့ စစ်ကားပေါ် တင်ဆောင်ကာ ဂန့်ဂေါမြို့အတွင်းသို့ ဖမ်းဆီး ခေါ်ဆောင်သွားပြီး သြဂုတ် ၄ ရက် ဒီညနေပိုင်းအထိ ပြန်လည်လွတ်မြောက်လာတာ မရှိသေးဘူးလို့ သိရပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။