myaelatt athan

Sharing Information to the Local

ဆွာချောင်းရေလှောင်တမံစောင့် စစ်ကောင်စီတပ်စခန်းကို တော်လှန်ရေးတပ်တွေ သိမ်းပိုက်မီးရှို့

0 39
0 39

◼ စစ်ကောင်စီဗိုလ်ကြီးအပါ ၆ ဦးသေဆုံးပြီး လက်နက်ခဲယမ်းတွေသိမ်းဆည်း

မြေလတ်အသံ၊ သြဂုတ် ၂၊ ၂၀၂၅။

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ ဆွာချောင်းရေလှောင်တမံမှာ အစောင့်စခန်းချနေထိုင်တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦးစလုံးကိုပစ်ခတ်ပြီး လက်နက်နဲ့ခဲယမ်းတွေကို သိမ်းဆည်းရရှိခဲ့တယ်လို့ PIO/PIA ဆီက သိရပါတယ်။

ဗိုလ်ကြီးအဆင့်ရှိသူ ၁ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၆ ဦးရှိတဲ့ အဆိုပါဆွာဆည်စောင့်စခန်းကို ဇူလိုင် ၃၀ ရက်မနက် ၄ နာရီကျော်မှာ တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေက ဝင်တိုက်ခဲ့တာလို့ ဆိုပါတယ်။

“အဲ့မှာရှိတဲ့ ကင်းစခန်းပေါ့လေ။ ၆ ဦးရှိတာ။ ၆ ဦးစလုံးကို ချေမှုန်းလိုက်နိုင်တာပေါ့လေ။ စခန်းကိုလည်း မီးရှို့လိုက်နိုင်ခဲ့တယ်။ တိုက်ပွဲကြာချိန်ကတော့ ၄၅ မိနစ်လောက်ကြာခဲ့တယ်”လို့ ပြည်သူ့လွတ်လပ်ရေးတပ်တော် (PIO/PIA)မှ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

တိုက်ပွဲအပြီး စစ်ကောင်တပ်ဖွဲ့ဝင်တွေကိုင်ဆောင်တဲ့ ပစ္စတို ၁ လက်အပါအဝင် သေနတ် ၆ လက်၊ ကျည် ဘောက် ၅ ခု၊ ကျည်ဆန်မျိုးစုံ၊ စကားပြောစက် ၃ လုံးနဲ့ ဖုန်း ၄ လုံးအပါအဝင် တခြားစစ်အသုံးအဆောင်ပစ္စည်းတွေကို သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒီတိုက်ခိုက်မှုကို ဗျူဟာ ၂၁၊ အမှတ် ၃၅၀၁ တပ်ရင်း၊ ပြည်သူ့လွတ်လပ်ရေးတပ်တော်(PIO/PIA)၊ ACDF ( Asho Chin Defense Force)တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ဇူလိုင် ၂၅ ရက်ကလည်း ကျောက်ကြီးမြို့နယ်၊ ရင်းတိုက်ကုန်းကျေးရွာစခန်းကို ဗျူဟာ ၂၅ ၊ အမှတ် ၃၇၀၂ တပ်ရင်း၊ အထူးကွန်မန်ဒိုတပ်ရင်း၊ KNLA တပ်ရင်း ၉ တို့က ဝင်တိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦးသေဆုံးပြီး လက်နက်ခဲယမ်းတွေကို သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။