မိုင်းမတော်တဆမှုကြောင့် တိုက်နယ်စွန်အဖွဲ့က တပ်စိပ်မှူးကျဆုံး

0 3
0 3

စစ်ကိုင်း၊ ဖေဖော်ဝါရီ ၂‌၇၊ ၂၀၂၃။

စစ်ကိုင်းမြို့နယ်အခြေစိုက် တိုက်နယ်စွန်အဖွဲ့က တပ်စိတ်မှူး ရဲဘော်တဦးဟာ ဖေဖော်ဝါရီလ ၂၆ ရက်မနေ့က ၁၂ နာရီလောက်မှာ မိုင်းမတော်တဆမှုဖြစ်ပြီး ကျဆုံးခဲ့ပါတယ်။

ကျဆုံးသူဟာ အသက် ၂၃ နှစ်အရွယ်ရှိပြီး၊ စစ်ကောင်စီစစ်ကြောင်းကို တိုက်ခိုက်ဖို့ စစ်ကိုင်းမြို့နယ်ထဲက တနေရာမှာ မိုင်းဆင်နေချိန် ပေါက်ကွဲမှုဖြစ်ကာ နေရာတင် ကျဆုံးခဲ့တာလို့ အဲ့ဒီအဖွဲ့ရဲ့တာဝန်ခံ ရဲမေစွန်နက်က အတည်ပြု ပြောပါတယ်။

“မနေ့နေလယ် ၁၂ နာရီ ဝန်းကျင်လောက်မှာ ကျဆုံးတာ၊ နာရီပိုင်းအကြာ နေ့လယ် ၃ နာရီခွဲမှာ မီးသဂြိုဟ်ခဲ့တယ်” လို့ ပြောပါတယ်။

ကျဆုံးတဲ့နေ့မှာတင် ကျန်တပ်ဖွဲ့ဝင်တွေက တပ်ဖွဲ့စည်းကမ်းနဲ့အညီ မီးသင်္ဂြုလ်ပေးခဲ့ကြတယ်လို့ သိရပါတယ်။

တိုက်နယ်စွန်အဖွဲ့ဟာ စစ်ကိုင်းတိုင်းအတွင်း စစ်ကောင်စီတပ်တွေကို တော်လှန်တိုက်ခိုက်နေတဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ တခုဖြစ်ပြီး၊ ပြီးခဲ့တဲ့ဖေဖော်ဝါရီ ၁၉ ရက်ကလည်း စစ်ကိုင်းမြို့နယ်၊ ညောင်ပင်ဝန်းကျေးရွာဘက်မှာ လှုပ်ရှားနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို လက်နက်ကြီးနဲ့ပစ်ခတ် တိုက်ခိုက်ခဲ့ပါသေးတယ်။

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။