myaelatt athan

Sharing Information to the Local

ပန်းတောင်းမှာ ကားတစီး လမ်းဘေးသစ်ပင် ဝင်တိုက်လို့ ယာဥ်မောင်းသေဆုံး

0 2
0 2

ပန်းတောင်း၊ ဖေဖော်ဝါရီ ၂၅၊ ၂၀၂၃။

ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းမြို့နယ်မှာ ဖေဖေါ်ဝါရီလ ၂၄ ရက် မနေ့နေ့လယ်က Light Truch ကားတစီး အရှိန်လွန်ကာ လမ်းဘေးသစ်ပင် ဝင်တိုက်ခဲ့တာကြောင့် ယာဥ်မောင်း သေဆုံးသွားတယ်လို့ ဒေသခံဆီက သိရပါတယ်။

ပန်းတောင်းမြို့နယ်၊ နတ်မောက်လမ်းစုံ၊ ရွှေတောင်ကုန်းရွာထိပ်အနီး ပြည်-တောင်ကုတ်လမ်းမှာ နေ့လည် ၃ နာရီလောက်က လမ်းဘေးကျွန်းပင်ကို ဝင်တိုက်ခဲ့ရာ အသက် ၆၀ နှစ်အရွယ် ဦးကျော်ဆိုသူ သေဆုံးခဲ့တာလို့ ဆိုပါတယ်။

“ကားက ပြည်ကနေ ကုန်ဝယ်ပြီး ပြန်လာတာမှာ ရှေ့ဘီးပေါက်ပြီး လမ်းဘေးကျွန်းပင် ဝင်တိုက်တာ ပြောတယ်။ ယာဥ်မောင်းသူကတော့ ပန်းတောင်းဆေးရုံ သယ်သွားရင်း လမ်းမှာဆုံးတဲ့သဘောရှိတယ်။ ကားနောက်က စီးလာတဲ့သူတွေကတော့ ပြင်းပြင်းထန်ထန် ဒဏ်ရာရတာ မရှိပါဘူး” လို့ ဒေသခံတဦးက ပြောပါတယ်။

အဲ့ဒီကားပေါ်မှာ စုစုပေါင်း ၈ ဦး ဝန်းကျင် လိုက်ပါလာကာ၊ မောင်းသူကတော့ ကားခေါင်းအတွင်း ညှပ်ပြီး သေဆုံးခဲ့တာဖြစ်သလို ကျန်သူတွေကတော့ ဒဏ်ရာအနည်းငယ်သာ ရရှိခဲ့ကြတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့နှစ် အောက်တိုဘာလ ၂၂ ရက်ကလည်း ပန်းတောင်းမြို့နယ်၊ ပြည်-တောင်ကုတ်လမ်း၊ ဒေါင်းမြတ်နားအုပ်စု၊ မြောင်ရှည်ကျေးရွာအနီးမှာ ကျောင်းထိုင်ဘုန်းကြီးမောင်းလာတဲ့ကားက လမ်းဘေးကျွန်းပင်ကို ဝင်တိုက်ပြီး မောင်းသူနဲ့အတူ လိုက်ပါလာတဲ့ ၁၃ နှစ်အရွယ် ယောကျ်ားလေးအပါ ၂ ဦး သေဆုံးခဲ့ပါသေးတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။