တောင်တွင်းကြီးမှာ ဖမ်းမိတဲ့စစ်ကောင်စီဗိုလ်ကြီး ၁ ဦး ပစ်သတ်ခံရ

0 168
0 168

တောင်တွင်းကြီး၊ ဇူလှိုင် ၂၂၊ ၂၀၂၅။

မကွေးတိုင်း၊ တောင်တွင်းကြီးမြို့အထွက် တောင်တွင်း-မြို့သစ်လမ်းပိုင်းမှာ စစ်ဆေးရေးဝင်လုပ်ချိန် ဖမ်းမိတဲ့ စစ်ကောင်စီဗိုလ်ကြီး ၁ ဦးကို ပစ်ခတ်ရာသေဆုံးခဲ့တယ်လို့ ဗိဿနိုးပြည်သူ့ကာကွယ်ရေး တပ်မတော် ဆီကသိရပါတယ်။

ဇူလိုင် ၂၂ ရက်ဒီမနက်ပိုင်းမှာ ဒေသခံတော်လှန်ရေးတပ်တွေက လမ်းပိုင်းစစ်ဆေးရေးလုပ်နေချိန် မြဝတီ ၁၀၁၈ နယ်ခြားစောင့်တပ်မှ မြစ်ကြီးနားအခြေစိုက် ခလရ ၂၉ ကိုပြောင်းရွေ့ဖို့ မန္တလေးကို ထွက်ခွာလာတဲ့ ဗိုလ်ကြီးနိုင်သူရကို ဖမ်းမိခဲ့တာလို့ ဆိုပါတယ်။

“တောင်တွင်း-မြို့သစ်လမ်းပိုင်းတနေရာပေါ့။ အဓိကကတော့ ကျနော်တို့ သူ့ကားကိုပဲမဟုတ်ဘူး၊ ကျန်တဲ့ကားတွေကိုရော ရှောင်တခင်ဝင်ပြီး စစ်တဲ့အချိန်မှာ ကံဆိုးစွာနဲ့ သူနဲ့တွေ့လိုက်ရတယ်။ သူ့ကိုစစ်မိတော့ မသင်္ကာတော့ ဖုန်းစစ်တယ်။ စာရွက်စာတန်းတွေစစ်တော့ တပ်အပြောင်းအရွေ့ စာရွက်စာတန်းတွေ တွေ့တယ်။ ဖုန်းထဲမှာလည်း တချို့အချက်အလက်တွေ တွေ့တယ်”လို့ ကိုတက်တူးကပြောပါတယ်။

ဗိုလ်ကြီးနိုင်သူရကိုဖမ်းမိချိန်မှာ အရပ်ဝတ်အထုပ်အပိုးတွေနဲ့ ၁ ဦးတည်းဖမ်းမိခဲ့တာဖြစ်ပြီး စခန်းကို ဖမ်းဆီးသွားချိန်မှာ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေကို ပြန်လည်ခုခံတိုက်ခိုက်တဲ့အပြင် စခန်းကိုပါ အန္တရာယ်ပေးမှာစိုးရိမ်တဲ့အတွက် စခန်းမှာပစ်သတ်ခဲ့တယ်လို့ ဆိုပါတယ်။

“သူတို့အမြန်လမ်းကို အသုံးပြုဖို့ အရမ်းကြောက်နေကြတာ၊ လမ်းဟောင်းကိုပဲ အရပ်ဝတ်နဲ့ သာမန်ပြည်သူလိုပဲသွားလာကြတာ။ ကျနော်တို့ စစ်လို့ဆေးလို့သာ ပေါ်လာတာပေါ့။ မြစ်ကြီးနားကိုသွားမှာဆိုတော့ မန္တလေးမှာလေယာဉ်စီးရမှာ တကယ်တော့ ဗိုလ်တယောက်အကူလည်း ပါရမှာ သို့ပေမယ့် အကူပါမလာဘူး။ သူတို့ရဲ့ သက်စောင့်သေနတ်တောင်ပါမလာဘူးဆိုတော့ သူတို့ ဘယ်လိုစီစဉ်လဲတော့မသိဘူး” လို့ ကိုတက်တူးက ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအနေနဲ့ လမ်းဟောင်းတွေကိုသာအသုံးပြုနေကြပြီး တောင်တွင်းကြီးမြို့နား တဝိုက်မှာလည်း စစ်ကြောင်းထိုးတာတွေရှိနေတယ်လို့ ကိုတက်တူးက ပြောပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။