တရုတ်ဈေးနှိမ်လို့ မြေလတ်ဒေသဇီးသီးဈေးအေးနေ

0 4
0 4

မြေလတ်အသံ၊ ဖေဖော်ဝါရီ ၂၄၊ ၂၀၂၃။

တရုတ်ဝယ်လက်တခုကိုသာ အားကိုးနေရတဲ့ ဇီးသီးလုပ်ငန်းတွေ အရောင်းအဝယ် အေးနေတယ်လို့ ဇီးသီးလုပ်ငန်းရှင်များဆီက သိရပါတယ်။

မြန်မာနိုင်ငံ မြေလတ်အညာဒေသက အဓိကထွက်တဲ့ ဇီးသီးခြောက်ခွဲခြမ်းထားတဲ့ ဇီးဆံကို တရုတ်နိုင်ငံကနေ အဓိက ဝယ်ယူနေတာဖြစ်ပြီး လက်ရှိမှာတော့ ဈေးနှိမ်ဝယ်ယူနေလို့ အရောင်းအဝယ် သိပ်မဖြစ်ဘူးလို့ ဆိုပါတယ်။

“တရုတ်က ဈေးချနေလို့ အဆံဈေး အေးနေတယ်။ ဈေးကွက်ကတော့ တရုတ်ဈေးကွက်တခုပဲ သူတို့က ဆေးထုတ်လုပ်တာလို့ ပြောတာပဲ။ အဆံကိုပဲ ဝယ်တာ။ ကျန်တဲ့ ဇီးသီး အကာအနှစ်တွေက ပြည်တွင်းမှာ ဇီးယိုလုပ်ငန်း လုပ်ကြတယ်။” လို့ ဆီးသီးပွဲရုံပိုင်ရှင် တဦးက ပြောပါတယ်။

လက်ရှိ ဇီးသီးဈေးမှာ အညာဒေသတွင် ၁ တင်း ၁၃၅၀၀ ထိပေါက်ဈေးရှိကာ ပဲခူးတိုင်းအတွင်း ၁ တင်း ၁၂၀၀၀ ထိပေါက်ဈေး ရှိနေပြီး အရောင်းအဝယ် အေးနေသေးတယ်လို့ သိရပါတယ်။

ဇီးသီးထွက်ရှိရာ အများစုမှာ အညာမကွေးတိုင်းနှင့် မန္တလေးတိုင်း၊ ပဲခူးတိုင်းတို့က အဓိကထွက်ရှိသလို ဧရာဝတီတိုင်းကလည်း အနည်းငယ်ထွက်ရှိတယ်လို့ ဆိုပါတယ်။

“ဇီးသီးက အဓိက အားထားရာ စိုက်ပျိုးသီးနှံ မဟုတ်ပေမယ့် သူက တဖက်တလမ်းကလည်း ဝင်ငွေရတဲ့ အလုပ်လုပ်ပါပဲ။ အိမ်မှာ တခြားလုပ်ငန်း မရှိသူတွေနဲ့ ကလေးတွေက တောင်ယာလိုက်ရင်း ကောက်ကြတယ်။ တချို့လည်း ဇီးသီးချိန်ဆို ဇီးခွဲစက် ဇီးပွဲရုံတွေမှာ အလုပ်ရကြတယ်။ ရာသီချိန်ကုန်ရင်တော့ တခြားအလုပ်ပြောင်းလုပ်ရတာပေါ့” ဟု မကွေးမြို့နယ်ထဲက အမျိုးသမီးတဦးက ပြောပါတယ်။

ဇီးသီးကို အမှည့်အခြောက်များသာ ဝယ်ယူပြီး ဇီးသီးရာသီချိန်မှာ ဒီဇင်ဘာလကုန်မှ မတ်လဆန်းချိန်ထိ ဖြစ်တယ်လို့ ဆိုပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။