တမူး PDF က စစ်ဘေးသင့်ကျေးရွာ ၄ ရွာကို အခြေခံစားသောက်ကုန်တွေ လှူဒါန်း

တမူး၊ ဖေဖော်ဝါရီ ၂၄၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း (၃) နယ်မြေစိုးမိုးထားတဲ့ ဒေသအတွင်းက စစ်ဘေးသင့်ပြည်သူတွေရှိတဲ့ ကျေးရွာ ၄ ရွာကို မနေ့ကဖေဖော်ဝါရီလ ၂၃ ရက်နေ့မှာ အခြေခံစားသောက်ကုန်တွေ သွားရောက်လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

တမူးနယ်ထဲက ပကဖတွေ နယ်မြေစိုးမိုးထားနိုင်တဲ့ ရွာ ၄ ရွာက အိမ်ထောင်စု ၁ ရာကျော်ကို ကျပ်သိန်း ၁၅၀ ဖိုး တန်ဖိုးရှိတဲ့ အခြေခံ စားသောက်ကုန်ဖြစ်တဲ့ ဆန်၊ ဆီ၊ ဆားနဲ့ တခြားအသုံးအဆောင်ပစ္စည်းတွေကို တပ်ဖွဲ့ဝင်တွေကိုယ်တိုင် ကျေးရွာရပ်မိရပ်ဖတွေနဲ့ သွားရောက်တွေ့ဆုံပြီး လှူဒါန်းခဲ့တာလို့ တပ်ရင်း ၃ တာဝန်ရှိသူတဦးက ပြောပါတယ်။

“ကျေးရွာတွေက ဒေသခံပြည်သူတွေနဲ့ နွေးထွေးမှုရအောင် သွားရောက်တွေ့ဆုံပြီး လူသားချင်း စာနာထောက်ထားမှုတွေနဲ့ သွားရောက် လှူဒါန်းခဲ့တာပါ။ မိဘပြည်သူတွေရဲ့ လိုအပ်ချက်တွေ၊ ကြုံတွေ့နေရတဲ့ ဒုက္ခအခက်အခဲ၊ အဆင်မပြေမှုတွေကို တပ်ရင်းကတာဝန်ရှိသူတွေနဲ့ ဆွေးနွေးဖလှယ်တာတွေ ပြုလုပ်ခဲ့တာပါ” လို့ ဆိုပါတယ်။

တပ်ရင်း (၃)က နယ်မြေစိုးမိုးထားတဲ့ ကျေးရွာတွေက စစ်ဘေးသင့် မိဘပြည်သူတွေရဲ့ စားဝတ်နေထိုင်ရေးကို အဆင်ပြေချောမွေ့စေဖို့ အဓိကရည်ရွယ်ပြီး ဒေသခံတွေရဲ့ အခက်အခဲတွေကြားထဲ အတတ်နိုင်ဆုံးနဲ့ အကောင်းမွန်ဆုံး ကြိုးပမ်း ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

မိမိတို့ နယ်မြေစိုးမိုးထားတဲ့ ဒေသတွေအတွင်းက မိဘပြည်သူတွေရဲ့ ရပ်ရွာလုံခြုံရေး အေးချမ်းသာယာရေးအတွက် တပ်ဖွဲ့ဝင်တွေက အစဉ်တစိုက် ကာကွယ်စောင့်ရှောက် ပေးသွားမယ်လို့လည်း အထက်ပါတာဝန်ရှိသူက ပြောပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။