ပြုတ်ကျနေတဲ့ဓာတ်ကြိုးကို ခလုတ်တိုက်တဲ့ ၇ နှစ်ကလေး ဓါတ်လိုက်သေဆုံး

0 17
0 17

ပဲခူး၊ ဇူလိုင် ၁၉၊ ၂၀၂၅။

ပဲခူးမြို့၊ ဥဿာမြို့သစ်၊ နယ်မြေ ၅၊ ရပ်ကွက်ကြီး ၁၊ ရေစက်လမ်းထိပ်မှာ ပြုတ်ကျနေတဲ့ ဓာတ်ကြိုးကို ခလုတ်တိုက်တဲ့ကလေးငယ်တဦး ဓာတ်လိုက်သေဆုံးသွားတယ်လို့ ဒေသခံအမျိုးသမီးတဦးဆီက သိရပါတယ်။

သေဆုံးသူဟာ ရွှေဘုန်းပွင့် ဘုန်းတော်ကြီးစာသင်ကျောင်းမှ Grade 1 တက်ရောက်နေတဲ့ ရပ်ကွက်ကြီး ၁ မှာနေထိုင်သူ အသက် ၇ နှစ်အရွယ်၊ မောင်ကျော်ကျော်မျိုး ဆိုသူဖြစ်ပြီး ဇူလိုင် ၁၈ ရက် ညနေ ၄ နာရီကျော်ခန့်မှာ သေဆုံးသွားတာလို့ ဆိုပါတယ်။

“ဓာတ်ကြိုး လမ်းမှာပြတ်ကျနေတာကို ကလေးက ခလုတ်တိုက်လဲကျပြီး ဓာတ်လိုက်နေတာ။ ဘယ်သူမှလည်း ဆွဲလို့မရဘူးထင်ပါတယ်။ သေမှပဲ သိကြတာ။ ကျောင်းကအပြန်ကို သူအမေက ခြင်ဆေးခွေဝယ်ခိုင်းတာ။”လို့ ဒေသခံအမျိုးသမီးတဦးက ပြောပါတယ်။

ပြုတ်ကျနေတဲ့ ဓာတ်ကြိုးက ရပ်ကွက်အတွင်းမီးတိုင်တွေကို သွယ်တန်းထားတဲ့ကြိုးမျိုးဖြစ်ပြီး ပြတ်ကျနေတာ ၃ ရက်ခန့်ရှိပြီလို့သိရကာ ရပ်ကွက်က သက်ဆိုင်ရာမြို့နယ် EPC ရုံးကို ဆက်သွယ် အကြောင်းကြားထားပေမယ့် လာရောက်ပြုပြင်ပေးတာမျိုးမရှိဘူးလို့ ဆိုပါတယ်။

သေဆုံးသွားတဲ့ ကလေးငယ်ရဲ့အလောင်းကိုတော့ ဒေသခံလူမှုကူညီရေးအသင်းကကောက်ယူပြီးနောက် ပဲခူးဆေးရုံကို ပို့ဆောင်ပေးရကာ စစ်ဆေးမှုပြုလုပ်ပြီး နေ့ချင်းနေအိမ်ကို ပြန်သယ်ခဲ့ရတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ နှစ် ဇူလိုင် ၃၀ ရက်ကလည်း ပဲခူးမြို့ ရေကြီးနေချိန် ပဲခူးမြို့၊ အမှတ်(၁) ကျောင်းရှေ့၊ ရွှေမော်ဓောဘုရားလမ်းပေါ်မှာ စက်ဘီးစီးလာတဲ့လူငယ်တဦးက လမ်းကူးဖို့စောင့်နေရင်း အနီးကဓာတ်တိုင်ကို ကိုင်မိရာမှ ဓာတ်လိုက်သေဆုံးခဲ့သေးတယ်လို့ သိရပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။