myaelatt athan

Sharing Information to the Local

ရဲစခန်းထဲ ဒရုန်းနဲ့ ဗုံးကြဲလို့ ရဲ ၃ ဦးသေဆုံး ၂ ဦးဒဏ်ရာရဟုဆို

0 5
0 5

စဉ့်ကူး၊ ဖေဖော်ဝါရီ ၂၃၊ ၂၀၂၃။

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ နွယ်ရုံနယ်‌မြေ ရဲစခန်းအတွင်းကို ဖေဖော်ဝါရီလ ၂၂ ရက် မနေ့နေ့လည် ၂ နာရီလောက်မှာ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဗိုလ်လင်းယုန်အဖွဲ့ထံက သိရပါတယ်။

ရဲစခန်းအတွင်း ဒရုန်းနဲ့ ၂ ကြိမ် ဗုံးကြဲတိုက်ခိုက်ရာမှာ ရဲစခန်းအဆောက်အဦးအတွင်းကို ကျရောက်ပေါက်ကွဲခဲ့လို့ ရဲတပ်ဖွဲ့ဝင်တွေဘက်က လူနဲ့အဆောက်အဦးတွေ ထိခိုက်သေဆုံး၊ ဒဏ်ရာရတွေရှိခဲ့ပြီး စခန်းအတွင်းကနေ ပြန်လည် ပစ်ခတ်မှုတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။

“အားလုံး ၆ လုံး ကြဲချတာ၊ အဆောက်အဦးအတွင်းထဲတွေကို ကျတယ်။ ပထမ ၁ လုံး ၂ လုံး စကြဲတော့ ရဲစခန်းထဲကနေ ဒီကောင်တွေ ဘေးပတ်ဝန်းကျင်တွေကို အချက် ၂၀ လောက် ရမ်းသမ်းပစ်တယ်။ ထိခိုက်မှုက ရခ ၃ ကောင်‌သေပြီး ၂ ကောင် ပြင်းထန်ဒဏ်ရာနဲ့ ဆေးရုံသို့ပို့လိုက် ဆိုတာ စောင့်ကြည့်ရဲဘော်တွေက ပြန်ပြောလို့ သိရတယ်” လို့ အဖွဲ့ ခေါင်းဆောင် ဗိုလ်လင်းယုန်က မြေလတ်အသံကို ပြောပါတယ်။

အဲ့ဒီတိုက်ခိုက်မှုကို ဗိုလ်ကောင်းကင်တပ်ဖွဲ့ (ပြင်ဦးလွင်ခရိုင် ပ.က.ဖ)၊ ဗိုလ်လင်းယုန်တပ် ဖွဲ့ (ပြင်ဦးလွင်ခရိုင် ပ.က.ဖ)၊ စဉ့်ကူးမြို့နယ် (ပ.က.ဖ)၊ ဧရာဝတီပျံလွှား၊ Sky Hero (Madaya) ARDF တော်လှန်ရေးအင်အားစု၊ Peacock Warrior Force စတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

ဇန်နဝါရီလ ၅ ရက်နေ့ကလည်း သပိတ်ကျင်းမြို့နယ်ထဲက ချောင်းကြီးနယ်မြေ ရဲစခန်းကို ဗိုလ်လင်းယုန်အဖွဲ့နဲ့ ပူးပေါင်းမဟာမိတ်တပ်ဖွဲ့တွေ သွားရောက်တိုက်ခိုက်ခဲ့လို့ ရဲတပ်ဖွဲ့ဝင် ၅ ဦး သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။