myaelatt athan

Sharing Information to the Local

ဆားလင်းကြီးနယ်ရှိ မီးရှို့ခံရွာ ၈ ရွာက ဒေသခံတွေကို ကူညီထောက်ပံ့

ယင်းမာပင်၊ ဖေဖော်ဝါရီ ၂၃၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်ရှိ စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့တဲ့ ကျေးရွာ ၈ ရွာက ဒေသခံပြည်သူ ၃၀၀ ကျော်ကို မနေ့က ဖေဖော်ဝါရီလ ၂၂ ရက်မှာ အိမ်အသုံးအဆောင်ပစ္စည်းတွေ ကူညီထောက်ပံ့ပေးခဲ့တယ်လို့ သိရပါတယ်။

“မနေ့က သွားရောက် လှူဒါန်းခဲ့တာပါ။ ဆားလင်းကြီးမြို့နယ် ကျေးရွာ ၈ ရွာအတွင်းက မီးဘေးသင့်ပြည်သူ ၃၀၇ ဦးအတွက် လူသားချင်း စာနာမှုအနေနဲ့ သွားရောက်တွေ့ဆုံပြီး ကူညီထောက်ပံ့ပေးခဲ့တာပါ” လို့ ယင်းမာပင် – ဆားလင်းကြီးရွာပေါင်းစုံသပိတ် ဦးဆောင်ကော်မတီဝင် တဦးက ပြောပါတယ်။

ယင်းမာပင် – ဆားလင်းကြီးရွာပေါင်းစုံသပိတ် ဦးဆောင်ကော်မတီနဲ့ ပြည်သူမှပြည်သူသို့ ပရဟိတအဖွဲ့တို့ ပူးပေါင်းကာ သွားရောက်လှူဒါန်းခဲ့တာဖြစ်ပြီး၊ လှူဒါန်းခဲ့တဲ့ ကျေးရွာအမည်တွေကိုတော့ လုံခြုံရေးအရ ပြောကြားခဲ့ခြင်း မရှိပါဘူး။

အဆိုပါအဖွဲ့တွေဟာ ဖေဖော်ဝါရီလ ၂၀ ရက်ကလည်း ယင်းမာပင်မြို့နယ် မီးဘေးသင့် လူဦးရေ ၂၁၀ အတွက် သွားရောက်ထောက်ပံမှုတွေ ပြုလုပ်ခဲ့သလို မီးရှို့ခံရမှုအတွက် အားမငယ်ဖို့၊ ဆက်လက်အားမွေးပြီး တောင့်ခံတော်လှန်ပေးကြပါဖို့ အားပေးစကားပြော၊ တောင်းဆိုတာတွေ ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။