myaelatt athan

Sharing Information to the Local

နှစ်ထပ်တိုက်ပေါ်မှာ တစ်တော့ဆော့တဲ့ ဆယ်ကျော်သက်မိန်းကလေး ခြေချော်ပြုတ်ကျလို့ ဒဏ်ရာရ

မန္တလေး၊ ဇူလိုင် ၁၇၊ ၂၀၂၅။

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်မှာ Tiktok ရိုက်နေရင်း နှစ်ထပ်တိုက်ပေါ်က ခြေချော်ကျလို့ ဆယ်ကျော်သက်မိန်းကလေး ၁ ဦးဒဏ်ရာရခဲ့တယ်လို့ ကူညီဆောင်ရွက်ပေးခဲ့သူတွေထံက သိရပါတယ်။

ဇူလိုင် ၁၆ ရက် ယမန်နေ့ည ၈ နာရီ ၁၅ မိနစ်ခန့်မှာ ၄၅×၄၆ ကြား ၁၁၄ လမ်းရှိ နှစ်ထပ်တိုက်တခုမှာနေထိုင်တဲ့ အသက် ၁၄ နှစ်အရွယ် မိန်းကလေး ၁ ဦးဟာ ၎င်းနေထိုင်ရာ နှစ်ထပ်တိုက်လသာဆောင်ပေါ်မှာ Tiktok ဗီဒီယိုရိုက်ကူးနေရင်း ခြေချော်ပြုတ်ကျခဲ့တာလို့ ဆိုပါတယ်။

” တိုက်ကနှစ်ထပ်တိုက်။ တိုက်အပေါ်ထပ်လသာဆောင်မှာ Tiktok ရိုက်နေရင်းက မိုးကလည်းရွာထားတော့ ခြေချော်ကျတာ။ အောက်ကိုတခါတည်းကျတာမဟုတ်ဘဲ ကြားမှာ အမိုးတခုပေါ်ကျပြီးမှ အောက်ကို မျက်နှာတစောင်းနဲ့ကျတာ။ ကြားကအမိုးခံသွားလို့တော်တာ” လို့ ကူညီပေးခဲ့သူတဦးက မြေလတ်အသံကို ပြောပါတယ်။

အခင်းဖြစ်နေရာဟာ အလှပြင်ဆိုင်ဖွင့်ထားတဲ့ နှစ်ထပ်တိုက်ဖြစ်ပြီး ဒဏ်ရာရရှိသူအမျိုးသမီးဟာ ၎င်းအလှပြင်ဆိုင်မှာ အလုပ်လုပ်ရင်းနေထိုင်သူဖြစ်ကြောင်းသိရကာ တိုက်ပေါ်က ပြုတ်ကျတာကြောင့် ဦးခေါင်း၊ နဖူးနဲ့ညာဘက်ခြေထောက်မှာ ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

ဒဏ်ရာရရှိသူ မိန်းကလေးငယ်ကို ဒေသလူမှုကူညီရေးအဖွဲ့တွေက မန္တလေးပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးခဲ့ရပြီး အသက်အန္တရာယ်တော့ မစိုးရိမ်ဘူးလို့ သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။