မုံရွာကိုလာတဲ့ စစ်ကောင်စီကား မိုင်းဆွဲခံရ

0 3
0 3

စစ်ကိုင်း၊ ဖေဖော်ဝါရီ ၁၈၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ မြပုလဲဆီဆိုင်အနီး စစ်ဆေးရေးဂိတ်ကနေ မုံရွာကိုလာတဲ့ စစ်ကားတစီးကို ဖေဖေါ်ဝါရီလ ၁၈ ရက် ဒီနေ့လည် ၃ နာရီလောက်က တိုက်ခိုက်ခဲ့တယ်လို့ People Defence Force – South Monywa မုံရွာခရိုင် တပ်ရင်း ၁၁ က သတင်းထုတ်ပြန်ထားပါတယ်။

မုံရွာမြို့နယ်၊ မုံရွာ – ချောင်းဦး လမ်းပိုင်းတနေရာမှာ ပဒေသာမိုင်း ၃ လုံးဆွဲကာ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“အဲ့ကားပေါ်မှာ ဒဏ်ရာရတဲ့ ကောင်တွေပါတယ်လို့တော့ သိထားပါတယ်။ မနေ့က ချောင်းဦးမြို့နယ်မှာ စစ်ကြောင်းထိုးရင်း မိုင်းဆွဲခံရလို့ ဒဏ်ရာရတဲ့ သူတွေလို့တော့ ထင်တယ်ဗျ။ တော်တော်တော့ ထိခိုက်မယ်။ ကားက ဘေးတခြမ်းလုံး စုတ်ပြတ်ပြီး မိုးကာတွေပါ ပေါက်ပြဲကုန်တာပါ” လို့ People Defence Force – South Monywa မုံရွာခရိုင် တပ်ရင်း ၁၁ မှ တာဝန်ရှိသူက ပြောပါတယ်။

မိုင်းဆွဲခံရတဲ့ ကားကနေ ပြန်လှန်ပစ်ခတ်တာတွေ မရှိဘဲ မုံရွာမြို့ဘက်ကို ဆက်ထွက်သွားတယ်လို့ သူက ဆက်ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုမှာ People Defence Force – South Monywa ၊ Monywa People’s Liberation Force – ဒေါင်းမင်းစစ်ကြောင်းတပ်ခွဲ၊ Forces Our History တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာ ဖြစ်ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးအခြေအနေတွေကိုတော့ မြေလတ်အသံက အတည်မပြုနိုင်သေးပါဘူး။

People Defence Force – South Monywa အဖွဲ့ဟာ ဖေဖေါ်ဝါရီလ ၁၂ ရက် ညနေကလည်း လက်လုပ် ၄၀ မမ၊ လက်လုပ်ရှော့ဂန်း၊ အော်တိုဂန်းတွေနဲ့ ပျူစောထီးတောပုရွာကို ပစ်ခတ် တိုက်ခိုက်ခဲ့ကြပါသေးတယ်။

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။